အရာရှိ လေးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ဦး ဇွန်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
NUG၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းနှင့်ပကဖများ သို့ ဆက်သွယ်ကာ ဇွန်လအတွင်း ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး၊ဒုရဲမှူးတစ်ဦးအပါအဝင် စစ်သားနှင့်ရဲ ၄၃ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်။
ဇွန်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၁၈ လက်နှင့်ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်းလက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့မဟုတ်) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း NUGကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။