စမ်းချောင်းမြို့နယ်၊မြေနီကုန်းကျော်တံတားတွင် စက်တင်ဘာလ၂၅ရက်နေ့နံနက်ပိုင်း၁နာရီခွဲတွင် အကြမ်းဖက်စစ်တပ်နှင့် လူအချို့ပစ်ခတ်မှုများအပြန်အလှန်ဖြစ်ပွားခဲ့သည်။
အကြမ်းဖက်စစ်တပ်နှင့် မည်သည့်အဖွဲ့ပစ်ခတ်သည်ဟုမသိရသော်လည်းပစ်ခတ်မှုတွင် အချက်၅၀ကျော်ပစ်ခတ်သံများကြားခဲ့ရပြီး လူသေဆုံးမှုများရှိနိုင်ကြောင်းဒေသခံများ၏ပြောပြချက်အရသိရှိရသည်။
“ ညဘက်ကြီးသေနတ်သံတော့ကြားရတယ်။အ ချက်၅၀လောက်တော့ရှိမယ်တံတားအပေါ်လားအောက်လားတော့မသိဘူး။” ဟုစမ်းချောင်းဒေသခံတစ်ဉီးကဆိုပါသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးလူသေဆုံးမှုဖြစ်ပွားကြောင်းသတင်းများထွက်ပေါ်နေသော်လည်း မည်သည့်အဖွဲ့မှသေဆုံးခဲ့ရသည် အရေအတွက်မည်မျှသေဆုံးခဲ့ရသည်ကိုအတည်ပြုနိုင်ခြင်းမရှိသေးချေ။
“ ညကပစ်ခံသံများနှင့်အတူလက်နက်ကိုင်ခွေးများမတရားသဖြင့်ပြုလုပ်ထားသော တံတားအနီးရှိအမှုများကိုရေးဖြင့်ဆေးနေခဲ့သည်ဟုသတင်းရရှိကြောင်း”Sanchaung Information Newsဖော်ပြထားသည်။
စမ်းချောင်းမြို့နယ်ရှိပရဟိတအသင်းများကမူယခုဖြစ်စဉ်ကို၎င်းတို့အနေဖြင့်သေသေချာချာသိရှိရခြင်းမရှိသကဲ့သို့လူသေဆုံးမှုများအတွက် ဆက်သွယ်လာခြင်းမရှိကြောင်း ပြောဆိုကြပါသည်။
“ အခုနောက်ပိုင်းကျနော်တို့ကအဲ့လိုကိစ္စတွေလူသေဆုံးမှုတွေကိုမသယ်ရတာများပါတယ်၊ညဘက်ဆိိုတော့ပိုဆိုးပါတယ်” ဟုစမ်းချောင်းအခြေစိုက်ပရဟိတအသင်းတစ်ခုကဆိုသည်။
ဖြစ်စဉ်အသေးစိပ်အတွက် စမ်းချောင်းမြို့နယ်ရဲစခန်းနှင့်ရန််ကုန်တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများထံသို့ဆက်သွယ်ခဲ့သော်လည်းတစ်စုံတစ်ရာတုံ့ပြန်ချက်မရရှိခဲ့ပေ။
အမည်မဖော်လိုသူရဲအရာရှိတစ်ဉီးက”နောက်ပိုင်းအထူးသဖြင့် စစ်တပ်နဲ့ဖြစ်တဲ့ကိစ္စတွေမှာရဲတွေ မသိတာမျိုးရှိပါတယ်။ကျနော်တို့ဆီသတင်းမရောက်တာတွေရှိပါတယ်။” ဟုဆိုပါသည်။
ယနေ့နံနက်ပိုင်း ၇နာရီခန့်တွင် မြေနီကုန်း ဂုံးတံတားအတက်(မဟာမြိုင်ဘက်နေ မြို့ထဲဘက်သွားတဲ့ဘက်)ကို အကြမ်းဖက်စစ်တပ်က အင်းအားဖြင့်ပိတ်ဆို့ထားခဲ့သော်လည်း နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။
စက်တင်ဘာလ၂၅ရက်နေ့နံနက်ပိုင်တွင်အင်းစိန်မြို့နယ်ရှိအင်းစိန်ထောင်အနီးတွင်ဗုံး၅လုံးဆက်တိုက်ပေါက်ကွဲခဲ့သည်။
လက်ရှိအချိန်တွင်ရန်ကုန်မြို့၏နေရာအနှံ့အပြားတွင် ပေါက်ကွဲမှုများမကြာခဏဖြစ်ပွားလျက်ရှိနေပြီးပေါက်ကွဲမှုများကြောင့်အကြမ်းဖက်စစ်တပ်မှတပ်သားများသေဆုံးမှုရှိလာသဖြင့်လုံခြုံရေးပိုမိုတင်းကြပ်လာသည်ကိုတွေ့ရသည်။
Exchange of Firing in Myaynigone
By MPA
On Myaynigone flyover in Sanchaung township, there was an exchange of firing between the terrorist military and some people at about 1:30am on September 25 morning.
In the exchanges between the terrorist military and an unknown group, over fifty shots were heard and casualties are likely to have occurred, according to residents.
“Gunshots were heard at midnight. About fifty shots, not sure on or under the bridge,” said a Sanchaung resident.
After the gunshots, some casualties were rumored, but how many on which side cannot be confirmed yet.
“With gunshots last night, the armed military were cleansing with water near the bridge, described the Sanchaung Information News.
Charity groups in Sanchaung said they had no idea about the casualties and they had not been contacted about it thus far.
“In these days, normally we no longer pick up bodies form such scenes. It’s even worse at night times,” said a Sanchaung-based charity group.
Officials from Sanchaung township police station and Yangon region police forces were contacted but no response was received.
A police officer who wants to remain anonymous said, “There are cases, especially military cases, which the police don’t know. No news of such reached us.”
This morning, at around 7am, Myaynigone flyover (on Maharmyine side, towards downtown) was blocked by the terrorist military and reopened at around 10 am.
On September 25 morning, there were five consecutive bomb explosions near Insein prison, Insein township.
These days, explosions have frequently occurred across Yangon townships and many terrorist soldiers have been killed in the explosions and security measures have been increased.