By MPA
စစ်ကောင်စီမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြု လုပ်ပေးမည့် ပန်းခင်းစီမံချက်တွင် လူမျိုးခြား (တရုတ်/ကုလား )သွေးနှောများ မပါဝင်ကြောင်း လဝက အသိုင်းအဝိုင်းထံက သိရသည်။
မှတ်ပုံတင်လျှောက်ထားသူနိုင်ငံသားသည် လူ မျိုးခြား (တရုတ်/ကုလား )သွေးနှောမဟုတ်ကြောင်း မိမိကိုယ်တိုင်ခံဝန်ချက်ရေးသားရသည့်အပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှလည်း အဆိုပါလျှောက်ထားသူအနေဖြင့် တရုတ်/ကု လား သွေးနှောမဟုတ်ကြောင်း ထပ်ဆင့်ထောက် ခံပေးရကြောင်း သိရသည်။
လူမျိုးခြားသွေးနှောများအနေဖြင့် မှတ်ပုံတင်ရရှိရန် မလွယ်ကူဘဲ ကာလတိုစီမံချက်ဖြင့်ပြုလုပ်ပေးရသည့်အတွက် ၄င်းတို့ တရုတ်/ကုလားသွေး နှောများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
” အဓိက က တရုတ်သွေး၊ ကုလားသွေးနှောတဲ့ လူမျိုးခြားတွေမပါဘူး။ သူတို့က အဲ့လောက်မ လွယ်ဘူး။သွေးနှောလာတဲ့လူမျိုးခြားဆိုရင် လုပ် ရတဲ့လုပ်ငန်းစဥ်သက်သက်ရှိတယ်။ အဲ့တာက ရှုပ်ထွေးတယ်။ခုက ဗမာအပါအဝင်တိုင်းရင်း သားနွာ်ဖွား နဲ့ လူမျိုးခြား သွေးနှောမပါတဲ့ နိုင်ငံ သားတွေကို သီးသန့် လုပ်ပေးတဲ့ဟာပါ ။” ဟု ပဲ ခူးတိုင်းအတွင်းရှိ လဝကဝန်ထမ်းတဦးက MPA သို့ပြောသည်။
ယခင်စစ်အစိုးရနှင့် ဦးသိန်းစိန်အစိုးရ တစ် လျှောက် လဝကဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုများပြုလုပ်၍ အဆိုပါ လူမျိုးခြား တရုတ်နှင့်ကုလား သွေးနှောများအား အလွယ်တကူပင် နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး NLDအရပ်သား အစိုးရလက်ထပ်အရောက်တွင် အကျင့်ပျက်မှုများအား ကြပ်မတ်အရေးယူခဲ့၍ ယင်းဖြစ်စဥ်များလျော့နည်းသွားကြောင်း သိရသည်။
“ စကစ ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်တဲ့ စီမံချက်မှာ တရုတ်/ကုလား သွေးမနှောကြောင်း ခံဝန်ချက်တွေ၊ ထောက်ခံချက်တွေ လုပ်ခိုင်းတာ တွေ့လာရပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံသား ဖြစ်မှုဆိုင်ရာနဲ့ ပတ်သက်ရင် သွေနှောတဲ့ သူကို အမျိုးသားရေး ရန်သူလို့ သတ်မှတ်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ ရှိခဲ့ပါတယ်။ “ ဟု လူနည်းစုတိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်ပြီး သုတေသနပြုလုပ်နေသူ တစ်ဦးက MPAကို သုံးသပ်ပြောဆိုခဲ့သည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်းများအဓိက မှားယွင်းမှုသည် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများမဲစာရင်းတွင်ပါဝင်ခြင်း ၊ နိုင်ငံသားမှတ်ပုံတင်ကတ်တစ်ခုတည်းနှင့် မဲစာရင်းနှစ်ကြိမ် သုံးကြိမ်ပါဝင်နေခြင်းများကြောင့် မှားယွင်းရသည်ဟု စွပ်စွဲထားကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး ၆ လပြည့်သည့် သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီမှ အိမ်စောင့်အစိုးရဟု ဖွဲ့စည်းခဲ့ပြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအား အလုပ် သ မားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ခွဲထုတ်ဖွဲ့စည်း ခဲ့ပြီး လဝကဝန်ကြီးအဖြစ် ယခင် ဦးသိန်းစိန်အစိုး ရလက်ထပ် လဝက ဝန်ကြီးဟောင်း၊ ကြံ့ခိုင်ရေးပါတီဒု–ဥက္ကဌ ဦးခင်ရီအား ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှ ၂၀၂၃ ခုနှစ်အတွင်းရွေးကောက်ပွဲ ပြန်လည်ကျင်းပပြုလုပ်ပေးမည်ဟုကြေငြာထားပြီး မဲစာရင်းများ မှန်ကန်ရေးအတွက် မှတ်ပုံတင်မရှိသေးသူ နိုင်ငံသား ၆သန်းခန့်အား ပြီးခဲ့သည့်မေလမှ စ၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထိ ပြု လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
#လဝက #လဝက #နိုင်ငံသား #မှတ်ပုံတင် #သွေးနှော #MPA