By Wadi / MPA
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာရှိ ပြည်သူစစ်များကို ဇွန် ၂၅ ရက်၊ နံနက် ၅ နာရီတွင် PDF များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် နေအိမ် ၇၀ ခန့်ကို မီးရှို့ပြီး ကျေးရွာနေပြည်သူ ၅၀ ခန့်ကို ဖမ်းဆီး ခဲ့ကြောင်း တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။
Subscribers တစ်သိန်းခွဲဝန်းကျင်ရှိသည့် People Media တယ်လီဂရမ်ချန်နယ်က ဇွန် ၂၅ရက် မွန်းလွဲ ၂ နာရီ ကျော်တွင် Google map ကို ဓာတ်ပုံရိုက်ထားသောပုံနှင့်တကွ သတင်းအမှားအကြောင်းအရာကို ရေးသား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းမှားကို Snow Queen, U Kyaw Soe Oo, Ye Yint Htet ( #yyh ) အမည်ရှိ တယ်လီဂရမ်ချန်နယ်များနှင့် အခြားတယ်လီဂရမ်ချန်နယ်များက ပြည်လည်ကူးယူဖော်ပြ ခဲ့သဖြင့် ပျံနှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့် သတင်းအမှားလင့်ခ်များ >>>
https://archive.ph/wip/a4GEi
https://archive.ph/wip/LzP2z
https://archive.ph/iW0oL
https://archive.ph/wip/BRooS
https://archive.ph/wip/VcZgY
သတင်းအမှားဖြစ်ကြောင်း အချက်အလက် စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည့် သတင်းအမှားအကြောင်းအရာကို Google တွင် “ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာ” ဆိုသည့် keyword ဖြင့် ရှာဖွေကြည့်ရာ Mizzima, Than Lwin Times, Tachileik News Agency နှင့် မြေလတ်အသံမီဒီယာ တို့တွင် သတင်းရေးထားတာ တွေ့ရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအုပ်စုရှိ ပျူစောထီးများတပ်စွဲထားသော ရှင်မကန်ရွာကို ဇွန် ၂၅ ရက်၊ နံနက် ၅ နာရီကျော် တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပျူစောထီး ၁၀ ဦးခန့်သေဆုံးခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲ အပြီး သေနတ် ခြောက်လက်၊ ကျည်ဆံ ၅၀၀ ခန့်နှင့် လက်ပစ်ဗုံး နှစ်လုံး အပါအဝင် စစ်သုံးပစ္စည်းအချို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းဆည်းရမိခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင် တစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း မီဒီယာများ၌ တညီတညွတ်တည်း ရေးထားသည်။
သတင်းဌာနများတွင် ရေးထားသော သတင်းအပြည့်အစုံလင့်ခ်များ >>>
https://archive.ph/KyWuY
https://archive.ph/5aC2P
https://archive.ph/wip/DAspI
https://archive.ph/wip/qUg0F
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့်အတိုင်း PDF များက နေအိမ်မီးရှို့ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း ရေးသားထားခြင်း မရှိပေ။
ဒါ့အပြင် ကမ္ဘာပေါ်တွင် မီးလောင်မှုဖြစ်စဉ်များကို ကြည့်ရှုနိုင်သော NASA ၏ Fire Information for Resource Management System(FIRM) အား အသုံးပြု၍ ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာ တည်နေရာ၌ ကြည့်ရှုရာ ဇွန် ၂၅ရက်တွင် မီးလောင်ထားသော အထောက်အထားဖော်ပြထားတာ မတွေ့ရပေ။
PDF များက ပျူစောထီးတပ်ကို ဝင်ရောက်စီးနင်းခြင်းသည် မှန်ကန်သော်လည်း လူနေအိမ်များကို မီးရှို့ခြင်းနှင့် ကျေးရွာပြည်သူများအား ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည်ဟု စွပ်စွဲရေးသားထားသောကြောင့် False Context မှား ယွင်းသောအကြောင်းအရာ သတင်းအမှား အမျိုးအစားဖြစ်သည်။
သတင်းအမှားများကို ရေးသားဖြန့်ဝေနေသော တယ်လီဂရမ်ချန်နယ်များသည် စစ်ကောင်စီလော်ဘီချန်နယ် များဖြစ်ပြီး နားလည်မှုလွဲမှားစေသည့် သတင်းအမှားများ၊ အမုန်းစကားများကို မကြာခဏ ရေးတင်လေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။

