By Haythar / MPA
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ရပ်ကွက်များတွင် ယနေ့ နံနက် ကိုးနာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
မိုးကုတ်မြို့အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်နှင့် မိုးကုတ်မြို့အနောက်ပိုင်းရှိရပ်ကွက်များတွင်လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများကို ယနေ့(ဇွန်၂၆ရက်)နံနက် ကိုးနာရီဝန်းကျင်မှ စတင်ပြီး နေ့ခင်း၁၂နာရီခွဲ ထိတိုင် ကြားနေရကြောင်း မိုးကုတ်မြို့၊ကျပ်ပြင်ရပ်ကွက်နေ၊ အမျိုးသားတစ်ဦးကပြောသည်။
“ ပစ်သံတွေကမြို့ထဲထိရောက်လာပြီ။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ဘယ်နားဖြစ်နေတယ်ဆို တာမသိဘူး။ နေရာတိုင်းကနေပစ်သံကြားနေရတယ်။ လေယာဥ်နဲ့လည်းနှစ်ခါလာပစ်သွားပြီ” ဟု ၎င်းက MPAသို့ ပြောသည်။
မိုးကုတ် မြို့အနောက်ပိုင်း၊ဒေါ်နန်းကြည်တောင်ဘက်ကို စစ်ကောင်စီတပ်က ယနေ့နံနက် ကိုးနာရီခွဲဝန်းကျင်y ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မိုးကုတ်မြို့အနောက်ပိုင်းတွင် ဇွန်၂၅ရက်၊နံနက်အစောပိုင်းက စတင်ပြီး စစ်ကောင်စီတပ်နှင့် TNLA တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။