By Haythar / MPA
ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များ၏ သဘောထားထုတ်ပြန်ချက် နှင့် ပတ်သက်၍ စာအတုလုပ်ကာ သံဃာတော်များကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ လမ်းပေါ်ဆွဲခေါ် သည်ဟု ပေါက်ဆရာတော် တယ်လီဂရမ်ချန်နယ်က သတင်းအမှား ဖြန့်ထားသည်။
ဇွန် ၂၁ ရက် ညနေတွင် “ ပေါက်ဆရာတော်” တယ်လီဂရမ်ချန်နယ်နှင့် အခြား တယ်လီဂရမ်ချန်နယ် များတွင် ဝင်းနိမ္မိတာရုံ ကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာ တော်များ သဘောထားထုတ် ပြန်ချက်နှင့် အတူ “ ၂၀၀၇ ရွှေဝါရောင်လို သံဃာတော်တွေကို စာအတုထုတ်ပြီး လမ်း ပေါ်ဆွဲခေါ်လို့ရမယ် ထင်လား” ဟု ရေးသားကာ ဖော်ပြ၍ ရေးသားထားသည်။
သတင်းအမှား link များ –
https://archive.ph/wip/ZreHH
https://archive.ph/wip/dJLM3
https://archive.ph/bccf7
သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင်ပျံ့နှံ့နေသည့် ထုတ်ပြန်ချက်အတု ဟုတ်/မဟုတ် သိရန် Googleတွင် Keyword ဖြင့် “ဝင်းနိမ္မိ တာရုံ ကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များ သဘော ထား ထုတ်ပြန်ချက်” ရေး၍ ရှာဖွေစစ်ဆေးရာ RFA နှင့် Khit Thit မီဒီယာတို့တွင် သတင်းရေးထားတာ တွေ့ ရသည်။
RFA သတင်းမီဒီယာတွင် “ ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်တွေ ကလည်း ဆရာတော်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဇွန်လ ၂၁ ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပါတယ်” ဟု ဆိုကာ ဖော်ပြထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://shorturl.at/fcBYC
Khit Thit သတင်းမီဒီယာတွင် “ ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်တွေက စစ်အာဏာရှင်ကြောင့် တစ်နေ့တစ်ခြားယုတ်လျော့ ကျဆင်းလာတဲ့ သာသနာတော်ကို ပြန်လည် တည့်မတ် စေဖို့နဲ့ စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ပြည်သူတွေအပေါ် မေတ္တာရှေ့ထားပြီး ဆောင် ရွက်ဖွယ်ရာ ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နဲ့အညီ ဆောင်ရွက်ကြဖို့ အချိန်ကျရောက် လာပြီ” ဟု ဆိုကာ ဖော်ပြထားသည်။
သတင်း အပြည့်အစုံလင့်ခ် >>> https://shorturl.at/2go8B
သတင်းအချက်လက်များကိုအဆင့်ဆင့်စိစစ်ရေးသားဖော်ပြနေသည့် သတင်းဋ္ဌာနများတွင်
ဝင်းနိမ္မိတာရုံ ကျောင်းတိုက်၊စာသင်သားဟောင်း တပည့်သံဃာတော်များ သဘောထားထုတ်ပြန်ချက်ကို အမှန်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် “ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်၊ စာသင်သားဟောင်း တပည့်သံဃာတော်များ သဘောထားထုတ်ပြန်ချက်ကို စာအတုဟုဆိုထားခြင်းသည် သတင်းအမှားဖြစ် ကြောင်း စိစစ်တွေ့ရှိရသည်။
အဆိုပါသတင်းအမှားတွင် သဘောထားထုတ်ပြန်ချက် စာသည် အမှန်ဖြစ်ပြီး စာအတုဟုဆိုကာ စွပ်စွဲထား သောကြောင့် False Context (မှားယွင်းသောအကြောင်းအရာ) သတင်းအမှားအမျိုးအစားဖြစ်သည်။
စစ်ကောင်စီလော်ဘီများသည် တယ်လီဂရမ်ချန်နယ်များတွင် သတင်းအတု၊ သတင်းအမှားများ လုပ်ကြံ ဖန်တီး၍ ရေးသားဖော်ပြလျက်ရှိသည်။ လော်ဘီချန်နယ်များအချင်းချင်း သတင်းအမှားများကို ကူးယူဖော် ပြနေကြသဖြင့် ချန်နယ်များတွင် သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။

