By Haythar /MPA
NUG /PDF တို့၏ လုပ်ကြံမှုကြောင့် နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသ ဇွန် ၁၉ရက် မွန်းလွဲပိုင်းက ပျံလွန်တော်မူဆိုသည့်သတင်းအမှား များ tiktok နှင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Ko Thet” “ Ko Chit (MDY)” “Kaung Myanmar” စသည့် တယ်လီဂရမ်ချန်နယ်များနှင့် Ko Thet အမည်ရှိ Tiktokအကောင့်က ယနေ့ ဇွန် ၁၉ရက် ညနေပိုင်းတွင် နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော် NUG /PDF တို့၏ လုပ်ကြံမှုကြောင့်ပျံလွန်တော်မူ ဆိုသည့် သတင်းအမှားအကြောင်းအရာအား တင်ခဲ့ကြသည်။
သတင်းအမှား link များ >>>
https://archive.ph/wip/aFWVn
https://archive.ph/wip/0GxGq
https://archive.ph/wip/ver4T
https://archive.ph/wip/StJov
အဆိုပါ တယ်လီဂရမ်ချန်နယ်များတွင် နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်သည် မန္တလေးတံတားဦး လေဆိပ်မှ ခရိုင်ခြင်းဆက်လမ်းအတိုင်း နွားထိုးကြီးဖြတ်ကာ ကမ္မဖက်သို့ အသွား PDFက ပစ်ခတ်ခြင်းဖြစ် သည်ဟု ရေးထားသည်။
Ko Thet အမည်ရှိ Tiktok အကောင့်တွင်လည်း NUG / PDF တို့၏လုပ်ကြံမှုကြောင့် နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်ပျံလွန်တော်မူဟုရေးကာ ဆရာတော်ဓာတ်ပုံနှင့်အတူ တင်ထားသည်။
Ko Thet တယ်လီဂရမ်ချန်နယ်တွင် သတင်းအမှားအကြောင်းရာကို ကြည့်ရှုသူ ၁၃၀၀၀ ကျော် ရှိပြီး Like and react ပေးသူ ၁၀၀ ခန့်ရှိသည့်အပြင် မျှဝေထားသည့် ချန်နယ် ၁၂ခု ရှိကြောင်းတွေ့ရသည်။
သတင်းအမှားဖြစ်ကြောင်းစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင်ပျံ့နှံ့နေသည့် “ နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်” ဆိုသည့် Keyword အား google တွင်ရှာဖွေကြည့်ရာ Khit thit သတင်းမီဒီယာနှင့် Mawkun Magazine တို့တွင် ရေးသားဖော်ပြထားတာ တွေ့ရသည်။
Khit Thit မီဒီယာတွင်ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသလိုက်ပါလာသည့်ကားကို ဇွန် ၁၉ရက်တွင် တံတားဦးလေဆိပ်မှအထွက် လေဆိပ်လုံခြုံရေးစစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
Mawkun Magazine တွင်လည်း ဆရာတော်လိုက်ပါလာသည့်ကားတံတားဦးလေဆိပ်အထွက်တွင် လေဆိပ်လုံခြုံရေးယူထားသည့် နေရာ၌ ရပ်ပေးခြင်း မရှိသဖြင့် စစ်ကောင်စီတပ်သားတွေက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆရာတော်အား ထိမှန်၍ ပျံလွန်တော်မူခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
သတင်းမီဒီယာ link များ >>>
https://shorturl.at/Arji6
https://shorturl.at/3xwiM
သတင်းအချက်လက်များအားအဆင့်ဆင့်အတည်ပြုရေးသားနေသည့် သတင်းမီဒီယာများတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသလိုက်ပါလာသည့်ကားလေဆိပ်အထွက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုဖော်ပြထားသည့်အပြင် တံတားဦးလေဆိပ်မှ ခရိုင်ခြင်းဆက်လမ်းအတိုင်း နွားထိုးကြီးဖြတ်ကာ ကမ္မဖက်ကို အသွားတွင်ပစ်ခတ်ခံရခြင်းမဟုတ်သည့်အတွက် သတင်းအမှားဖြစ်ကြောင်းစိစစ်တွေ့ရှိရသည်။
နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော် အား NUG/PDF အဖွဲ့က လုပ်ကြံသတ်ဖြတ် ဟူ၍ စစ်ကောင်စီလော်စီများက ဖြန့်ဝေနေသောအကြောင်းအရာသည် လုပ်ကြံဖန်တီးထားသော Manipulated Content သတင်းအမှားအမျိုးအစား ဖြစ်သည်။
သတင်းအမှားများကိုဖြန့်ဝေရေးသားနေသည့် ချန်နယ်များကို လေ့လာကြည့်သည့်အခါ စစ်ကောင်စီတပ်၏လော်ဘီချန်နယ်များဖြစ်ကြောင်းနှင့် နားလည်မှုလွဲမှားစေမည့်သတင်းအမှားများဖန်တီးရေးသားလေ့ရှိကြောင်းတွေ့ရသည်။


