By Ko Paing / MPA
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း မိုင်းကွင်းထဲ ဝင်လာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဇွန်လ ၁၄ ရက်၊ ညနေ ငါးနာရီခန့်တွင် အင်အား ၈၀ ဝန်းကျင်ဖြင့် နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို ကျွန်းဘုတ်ရွာနှင့် ကျောက်ဆည်ရွာအကြား မိုင်း ကွင်းထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သားများကို ကျွန်းဘုတ်ရွာထဲသို့ သယ်ဆောင်စဉ် စစ်သားနှစ်ဦးထပ်မံသေဆုံးကြောင်း နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ တိုက်ပွဲဝင်ရဲဘော် ကျားဆိုး ထံကသိရသည်။
“ရွာမွန်တပ်ကနေ နတ်မောက်မြို့နယ်အရှေ့ပိုင်းကိုစစ်ကြောင်းထိုးလာတယ်။သစ်ပုံရွာမှာ စခန်းချတယ်။နောက်နေ့ ထပ်ပြီး စစ်ကြောင်းထိုးလာချိန် ကျွန်းဘုတ်နဲ့ကျောက်ဆည်ရွာကြားမှာ မိုင်းဆွဲတာပေါ့။နေရာမှာတင် ၁၅ ယောက်သေတယ်။ထိခိုက်ဒဏ်ရာရတဲ့အထဲကနှစ် ယောက်ထပ်သေတယ်လို့ ဓားစာခံပြန်လွတ်လာတဲ့ ပြည်သူက ပြောပြလို့သိရပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ နတ်မောက် ပကဖ ၊ မြို့သစ် ပကဖ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီအဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ တစ် ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ရင်း တပ်ခွဲသုံး တိုက်ဒေါင်းတပ်ဖွဲ့ ၁၉၀၂ ၊ Aung San’s Land ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ ပျော် ဘွယ် PDF (သာစည်တပ်ဖွဲ့) နှင့် ရမည်းသင်း ပကဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ဇွန်လ ၁၁ ရက်နေ့က ဖက်တောရေရွာကို မီးရှို့ ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။