ရွှေ့ပြောင်းလုပ်သား ဗီဇာ ကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါဗီဇာလျှောက်ထားမှုကို တစ်နေ့လျှင် အယောက် ၄၀၀ လက်ခံမည်ဖြစ်ပြီး ပြည်ပ အလုပ်အကိုင်ခေါ်ယူရေးအတွက် လုပ်ကိုင်ခွင့်ရထားသည့် MOUကုမ္ပဏီများအနေဖြင့် အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူ လျှောက်ထားရမည်ဟု မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး(ရန်ကုန်)က မေလငါးရက်တွင် ထုတ်ပြန်ထားသည်။
လျှောက်ထားသည့် ဗီဇာများကို သုံးရက်အတွင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားဗီဇာ (Non-LA Visa) သည် ဗီဇာရရှိပြီး ရက်ပေါင်း ၉၀ အတွင်း အကျုံးဝင်သည်ဟု သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန အနေဖြင့် ရွှေ့ပြောင်းလုပ်သားဗီဇာများအား နေထိုင်ခွင့် နှစ် နှစ်ကို အခကြေးငွေ ထပ်မံကောက်ခံခြင်း မရှိဘဲ စတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ပြုပေးထားသည်ဟုလည်း ဆိုသည်။
အသက်၂၃နှစ်မှ ၃၁နှစ်ကြား လူငယ် အမျိုးသားများကို စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ကိုင် ခွင့် ပိတ်ပင်ထားသည်။