အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သည် ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မိသားစုများအပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် တွေ့ဆုံရန်လာရောက်ခြင်းဖြစ် ကြောင်းသိရသည်။
“ မနေ့ထဲက အကုန် Stand by ပြင်ဆင်နေရတာ။ တပ်ချုပ်ကြီး လာမယ်ဆိုလို့။ ဒီမနက် ၁၀ နာရီကျော်လောက်ကရောက်လာတယ်။ အဓိက ကတော့ မပခ မိသားစုနဲ့တွေ့ဖို့ပေါ့။ ကျန်တဲ့အဖွဲ့တွေနဲ့လည်းတွေ့မယ်လို့ သိရတယ်” ဟု မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မိသားစုဝင်တဦးက MPAသို့ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယမန်နေ့ (စက်တင်ဘာ ၁၇ ရက်)နေ့ထိ ပြင်ဦးလွင်မြို့၌ ရှိနေပြီး အဆိုပါမြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)မှ အကြီးတန်းအရာရှိကြီးများ လိုက်ပါလာကြောင်း သိရသည်။
စစ်ကောင်စီဥက္ကဌ ရောက်ရှိလာသော မြစ်ကြီးနားမြို့နှင့်အနီးတဝိုက်တွင် လုံခြုံရေးအင်အား အများအပြားတိုးမြှင့်ထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခု တတိယအကြိမ်မြောက် ပြည်တွင်းခရီးသွားခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံဖွင့်ပွဲ၊ ဒုတိယအကြိမ်အဖြစ် မော်လမြိုင်(ဘီလူးကျွန်းတံတား)အမည်ပြောင်းပွဲနှင့် ကရင်ပြည်နယ် အ တွင်းသို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။
Photo _စစ်အာဏာမသိမ်းမီက ကချင်ပြည်နယ်ခေါင်လန်ဖူးဒေသသို့ သွားရောက်စဉ်
#အာဏာသိမ်း #စစ်ခေါင်းဆောင် #မအလ #မြစ်ကြီးနား #MPA