By MPA
ချင်းပြည်နယ် မတူပီမြို့အတွင်းတပ်စွဲထားသောအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက် အောက်ခံတပ်ရင်းတခုမှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးနှင့် အောက်ခြေစစ်သားတဦး ယမန်နေ့ စက် တင်ဘာ ၁၆ ရက် ညပိုင်းက စကားများရန် ဖြစ်ရာမှ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ အချင်းချင်း စကားများပစ်ခတ်ခဲ့မှုကြောင့် ဗိုလ်မှူး အဆင့်ရှိသူတဦး သေဆုံးခဲ့ကြောင်း သိရသည်။
” ကြားတော့ကြားတယ်။ ဘလိုဖြစ်တာလဲတော့ အသေးစိတ်တော့မသိသေးဘူး။ သေနတ်ကိုင်ထားတဲ့သူအချင်းချင်း မထောင်သားတွေဆိုေတာ့။ ဒါမျိုးဖြစ်စဥ်တွေကတော့ အရင်ထဲကရှိပါတယ်။ ” ဟု နမခ လက်အောက်ခံ ပခုက္ကူမြို့အ ခြေစိုက် တပ်မ ၁၀၁ မှ စစ်သားတဦးက MPAသို့ပြောသည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရေး မုံရွာအလုံတပ်မြို့ အနောက်မြောက် တိုင်းစစ်ဌာနချုပ်ရုံးဖုန်းများအား ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
စစ်တပ်အတွင်း အောက်ခြေစစ်သားများမှ အုပ် ချုပ်သူအရာရှိ၏ အမိန့်အား မနာခံဘဲ ပြန် လည်တုန့်ပြန်မှုများရှိပါက ပုန်ကန်မှုသက်ရောက်ပြီး တပ်မတော်အက်ဥပဒေအရ အမှုပေါ်မူတည်၍ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်(သို့မဟုတ်) ထောင် နှစ် ၂၀ ထိချမှတ်နိုင်ကြောင်း သိရသည်။
#မတူပီ #စစ်ကောင်စီတပ် #အချင်းချင်းပစ်ခတ်