စစ်ကောင်စီလက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များအား PDFဘက်မှ တိုက်ခိုက်လာပါက ပြန်လည်တုန့်ပြန်တိုက်ခိုက်ရန် အစီအမံရေးဆွဲရာတွင် စစ်သည်မိန်းမ (ရဲမေ)များကိုပါ လိုအပ်သည့် ခဲယမ်း/လက်နက်များ တပ်ဆင်ပေးရန်စက် တင်ဘာ ၁၄ ရက်စွဲပါ ကြေးနန်းစာဖြင့် ညွှန်ကြားထားကြောင်း သိရသည်။
” ဒီရဲမေတွေလက်နက်တပ်ဆင်ပေးပြီး တိုက်ခိုက် ခိုင်းတာက ဟိုးအရင်ထဲက အစဥ်အဆက်လုပ်လာတာ။ တပ်ရင်းတစ်ရင်းစစ်ဆင်ရေး ထွက်ရင် နောက်တန်းမှာရုံးအဖွဲ့ရယ်၊ ဗဟိုကင်းရယ်၊ ရဲမေတွေရယ်လောက်ဘဲကျန်ခဲ့တာ။ တပ်ရင်းတွေမှာ ဆေးရုံတက်၊ ဒဏ်ရာရလောက်ဘဲကျန်တာ။ အရင်ကတော့ ဒါကများသော အားဖြင့် တိုင်း ရင်းသားလက်နက်ကိုင်နယ်မြေမှာရှိတဲ့တပ်ရင်းတွေမှာ ရဲမေတွေအကုန် အသင့်ပေါ့နော်။ သေနတ်ထုတ်ပေးထား တယ်။ ဝင်တိုက်တာမျိုးဆို ပြန်တိုက်လို့ရအောင်။ ခုက PDFက နေရာအနှံ့ရှိနေတော့ တပ်အားလုံးပြင်ဆင်ဖို့ ကိုညွှန်ကြားတာ ။” ဟုတာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးက MPA သို့ ပြော သည်။
ပြီးခဲ့သည့် ၃လပတ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လ အ တွင်း ဗုံးခွဲတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှု၊ ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် စစ်တပ်ဘက်မှအထိနာမှု များ များပြားခဲ့ပြီး NUGအစိုးရက အဆိုပါ ၃လပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀၀ ကျော် သေဆုံးပြီး ၆၀၀ ကျော်ဒဏ်ရာရရှိသည်ဟု ထုတ် ပြန်ထားသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့ ခလရ (၅၈)တပ်ရင်းသို့ KIAတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့စဥ်ကလည်း တပ်တွင်းရဲမေများအား သေနတ်ထုတ်ပေး၍ တိုက် ခိုက်ခိုင်းခဲ့ပြီး လက်နက်ကြီးပစ်ကူများကြောင့် အဆိုပါတပ်ရင်း မကျခဲ့ခြင်းဖြစ်ကြောင်း သိသည်။
ယင်းသို့ စစ်သားမိန်းမ(ရဲမေ)များအား လက်နက် တပ်ဆင်ပေး၍တိုက်ခိုက်ခိုင်းမှုနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသည့် အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများမြင့်တက်နေပြီး အဆိုပါ ခလရ (၅၈) တိုက်ပွဲအပြီး ၄င်းတို့အားစစ်သားများနည်းတူ လ စာအပါအဝင်ခံစားခွင့်များပေးမည်ဟု စစ်တပ်အ သိုင်းအဝိုင်းအတွင်း ကောလာဟာလများထွက်ပေါ်ခဲ့သေးသော်လည်း လက်တွေ့တွင်မဖြစ်နိုင် ကြောင်း စစ်တပ်ထောက်ခံသည့်အသိုင်းအဝိုင်း ထံက သိရသည်။
ယင်းကဲ့သို့ စစ်သည်မိန်းမများအား လက်နက်တပ်ဆင်တိုက်ခိုက်ခိုင်းမှုသည် စစ်ရာဇဝတ်မှု မြောက်သဖြင့် လုပ်ဆောင်ရန်မလိုကြောင်း CDM တပ်မတော်အရာရှိများစုစည်းတည်ထောင်ထား သည့် ပြည်သူ့စစ်သား ဖေ့ဘွတ်စာမျက်နှာတွင် တိုက်တွန်းရေးသားထားကြောင်း သိရသည်။
#စစ်ကောင်စီတပ် #အမျိုးသမီးစစ်သည်များ #CDM #PDF #MPA