သစ်သား အပိုင်းအစလေးများ အသုံးပြုဖန်တီးထားသည့် အိမ်ပုံစံငယ်လေးများ ပြသထားသည့် အနုပညာပြပွဲတစ်ခုကို ရန်ကုန်မြို့ Sule Square ရှော့ပင်းမော၌ ၂၀၂၄၊ မေ ၂၇ ရက်မှ ဇွန် ၉ ရက်ထိ ပြသထားရာ လူငယ်များ စိတ်ဝင်စားလျှက်ရှိသည်။
အဆိုပါ အိမ်ပုံစံငယ်လေးများအား ကိုအောင်မျိုးဦး (AMO Wooden Art) က ဖန်တီးပုံဖော်ထားခြင်း ဖြစ်သည်။
အဆိုပါပြပွဲ၌ ပန်းချီဆရာ ဝင်းမောင်မောင်၏ လက်ရာမြောက်ပန်းချီကားများအားလည်း ခင်ကျင်းပြသထားသည်ကို တွေ့ရသည်။