By MPA
ရန်ကုန်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူ( ၆ ) ဦးကို စက်တင်ဘာလ၁၄ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မဝတ်ရည်အောင် (သတ္တဗေဒ)၊ မသဉ္ဇာဇော် (ဓာတုဗေဒ)၊ ကိုစည်သူအောင်တင် (ဥပဒေ) ၊ကိုရဲလင်းဦး (ရှေး/သု)၊ ကိုမြင့်သိန်းနိုင် (ပထဝီဝင်)၊ ကိုနေထက်လင်း (သတ္တဗေဒ) တို့သည် စက်တင်ဘာ ၁၄ ရက်နေ့ ညတွင်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူ( ၆ )ဦးကို မည်သည့်နေရာတွင်ထားရှိထားသည်ကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အကြမ်းဖက်စစ်တပ်သည် လတ်တလောတွင် ရန်ကုန်မြို့အပါအဝင် မြို့အတော်များများတွင် ညအချိန်ဝင်ရောက်ရှာဖွေခြင်း၊လူငယ်များကိုဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိနေသည်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ အာဏာသိမ်းမှုကျူးလွန်ပြီးချိန်မှစ၍ အပြစ်မဲ့ပြည်သူပေါင်း ၈၁၀၀ကျော်ကိုဖမ်းဆီးထားပြီး ၁၀၈၀ကျော်ကိုသတ်ဖြတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
#အကြမ်းဖက်စစ်တပ် #ဒဂုံတက္ကသိုလ်ကျောင်းသားများ #ဖမ်းဆီး #MPA