By MPA
အကြမ်းဖက်စစ်တပ်မှာ နိုင်ငံတော်၏အာဏာကိုရယူထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းထားသော်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုသာထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ တွင် ထုတ်ပြန်ကြေငြာသည်။
အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် စက်တင်ဘာ ၁၅ ရက် နေ့သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဖြစ်သည့်အတွက် ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မူ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မြှင့်တင်ရေး၊လူသားနှင့် လူမှူဖွံ့ဖြိုးတိုးတက်ရေးတို့ကို အာမခံသောဒီမိုကေရစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီလုပ်ငန်းစဉ်များ ပြန်လည်ထူထောင်ရေးကို ပြင်သစ်နိုင်ငံသည် တောင်းဆိုပြီး၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈)ရက် အထွေထွေရွေးကောက်ပွဲ တွင် ထုတ်ဖေါ်ပြသခဲ့သော မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲများနှင့် ပြတ်ပြတ်သားသားရပ်တည်ပါကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
#ရွေးကောက်ပွဲရလဒ် #ထောက်ခံ #ပြင်သစ်သံရုံး #MPA