စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း မြို့ နယ်အချို့အား ယနေ့(စက်တင်ဘာ ၁၄ရက်) မွန်းလွဲပိုင်းမှစ၍ စစ်ကောင်စီမှ mobile data အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း ဒေ သခံများ ထံကသိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ အရာတော်မြို့နယ်များ၊ မန္တလေးတိုင်း မြင်းခြံမြို့၊ မိုးကုတ်မြို့များနှင့် မကွေးတိုင်း တောင်တွင်းကြီးမြို့စသည့်မြို့များတွင် စစ်ကောင်စီမှ အင်တာနက်လိုင်းဖြတ်တောက်ထားကြောင်း သိရသည်။
” ဒီနေ့ ၁၂နာရီ နောက်ပိုင်းလောက်က mobile dataတွေပြတ်သွားတယ်။ မနေ့ကဒီကောင်တွေ အထိနာသွားတော့ ဒီဘက်ဒေသတွေကို ပြန်ဖိ တော့မယ်ထင်တယ်။” ဟု မြင်းခြံမြို့ဒေသခံတဦးက MPAသို့ပြောသည်။
အခြားမြို့များ၏ဒေသခံများမှလည်း ယနေ့ မွန်း လွဲပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ခံထားရကြောင်း MPAသို့ဆက်သွယ်ပြောဆိုသည်။
ယင်းသို့ အင်တာနက်လိုင်ဖြတ်တောက်မှုများ ကြောင့် ဒေသခံများအကြား စစ်ကောင်စီတပ်များ၏ စီးနင်းခံရမှုအား စိုးရိမ်နေကြောင်း သိရသည်။
ယမန်နေ့(စက်တင်ဘာ ၁၃ရက်) ညနေပိုင်း က မြင်းခြံမြို့ကားလမ်းမပေါ်တွင် ဆိုင် ကယ် ၅ စီး ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များသည် ၄င်းတို့အားတော်လှန်တိုက် ခိုက်နေသည့် သက်ဆိုင်ရာဒေသအလိုက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အင်အားကောင်းသောဒေသများဖြစ်ပြီး အဆိုပါ နေရာများသို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရှင်းလင်းရန်ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်း သတင်းများအရ သိရသည်။
လက်ရှိတွင် အရာတော်မြို့နယ်ဘက်တွင်တိုက် ပွဲများပြင်းထန်နေပြီး တိုက်ပွဲအခြေအနေအား MPAမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက် ညပိုင်းမှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ယနေ့ထိ ဖြတ်တောက်ထားဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #မြင်းခြံ #အင်တာနက် #နယ်မြရှင်းလင်း