By MPA
စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီး ဌာန လက် အောက်ခံ မြန်မာနိုင်ငံမြို့ကြီးအသီးသီးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်အား ချင်း ပြည်နယ်ရဲတပ်ဖွဲ့ လက်အောက်သို့ပြောင်းရွှေ့တာ ဝန်ချလိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (နရခ)ညွှန် ကြားချက်အရ သိရသည်။
ချင်းပြည်နယ်အတွင်း ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်သေဆုံးမှုနှင့် CDM ပါဝင်မှု များပြားလာသဖြင့် အင်အားလိုအပ်ချက်အရ ယာဉ်ထိန်းရဲများအား ပြောင်းရွှေ့ခြင်းဖြစ် ကြောင်း သိရသည်။
” လတ်တလောက မြို့ကြီးလမ်းမတွေမှာလည်း ကားအသွားအလာတွေက ရှင်းလင်းနေတာ။ လမ်းတွေပေါ်မှာလည်း စစ်ဆေးရေးတာဝန်ကျတဲ့တပ်ဖွဲ့ဝင်တွေရှိနေတော့ ယာဉ်ထိန်းမလိုတော့ဘူးလေ။ နောက်ပြီး ချင်းဘက်က စခန်းတွေက CDMလုပ်တာတွေအရမ်းများနေတော့ လိုတဲ့နေ ရာကိုဖြည့်တဲ့သဘောပါ” ဟု နေပြည်တော်ရဲ တပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက MPAသို့ပြော သည်။
အဆိုပါပြောင်းရွှေ့တာဝန်ချထားခြင်း ညွှန်ကြားစာအရ မြို့ကြီးအသီးသီးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များအနေဖြင့် ချင်းပြည်နယ်ရဲတပ်ဖွဲ့အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့များသို့လည်း ပြောင်းရွှေ့ခံရကြောင်း သိရသည်။
ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများ လက်နက်အပြည့်အစုံဖြင့် ၄င်းတို့နှင့်လာရောက်ပူးပေါင်း CDMလုပ်ဆောင်ပါက သိန်း ၅၀ ပေးအပ်ချီးမြှင့်မည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
#ရဲတပ်ဖွဲ့ #ယာဥ်ထိန်းရဲ #ပြောင်းရွှေ့ #ချင်းပြည်နယ် #CDM #MPA