ယနေ့ (စက်တင်ဘာ၉)ရက်နေ့ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ် ၊ဗားကရာလမ်းမပေါ်တွင် ကင်းလှည့်နေသည့် စစ်ကားတစီး၏ အနောက်ဘက်ကို ဗုံးပစ်သွင်းလိုက်သဖြင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနှစ်ဦးသေဆုံးခဲ့သည်။
ပေါက်ကွဲမှုမှာ ၄နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ပြီးဗဟိုလမ်းမပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူများမှာ ခလရ (၁၃၉) မှ ဒုတပ်ရင်းမှူး နှင့် တပ်သား နှစ်ဦး ဖြစ်ကြောင်း သိရသည်။
“ ပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း တွေ့ကရာကိုသေနတ်နဲ့ပစ်တယ်။ လမ်းသွားလမ်းလာတွေကိုဖမ်းစစ်ဆေးတယ်။ အော်ဟစ်ဆဲဆိုတာတွေလုပ်တယ်” ဟုစမ်းချောင်းဒေသခံတဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အရပ်သားအချို့ကိုရိုက်နှက်ခြင်း၊ အနီးနားရှိဆိုင်များမှ CCTVများကိုစစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ၏တပ်သားများရှိရာ နေရာအသီးသီးတွင်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီးအကြမ်းဖက် စစ်သားများ သေဆုံးမှုလည်းတိုးလာလျက်ရှိသည်။