By MPA
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အတွင်း လုံ ခြုံရေး ပိုမိုတင်းကျပ်နေပြီး ရဲတပ်ဖွဲ့ဝင်ချင်းပင် စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။
နေပြည်တော်လမ်းမကြီးများ ပေါ်တွင် စစ်ဆေးရေးဂိတ်များ ယခင်ထက်ပိုမိုများပြားလာပြီး လုံ ခြုံရေးတာဝန်မကျသည့် အခြားရဲတပ်ဖွဲ့ဝင်များကိုပင် စစ်ဆေးနေကြောင်း သိရသည်။
” အပြင်ထွက်ရင်လည်း ယူနီဖောင်းနဲ့ကထွက်လို့မရဘူး။ အရင်က ဘယ်ကပါ လို့ပြောလိုက်ရင် ရတယ်။ ဒီလဆန်းပိုင်းက စပြီး ဘယ်ကဖြစ်ဖြစ် တပ်ဖွဲ့ဝင်လည်း အကုန်စစ်ခံရတယ်။ တပ်ကပါ ပါတော့ပိုဆိုးတာပေါ့။ အကုန်စစ်နေတယ်။ ဆိုင်ကယ်ဘောက်တွေပါ လှပ်ပြီးစစ်တယ်” ဟု နေ ပြည်တော် ရဲတပ်ဖွဲ့ဝင်တဦးက MPAသို့ ပြော သည်။
စစ်ကောင်စီရုံးစိုက်ရာ ဇေယျာသီရိအနီးတဝိုက်တွင် လုံခြုံရေးအင်အားအများဆုံးဖြစ်ပြီး နေ ပြည်တော်အဝင်အား လုံးဝပိတ်ပင်ထားကာ စစ် ဆေးခံပြီးဝင်ရန်ပင် မလွယ်ကူကြောင်း သိရသည်။
ယမန်နေ့(စက်တင်ဘာ ၇ ရက်)နေ့က NUGမှ တနိုင်လုံးအတိုင်းအတာဖြင့် ခုခံတော်လှန်စစ်စတင် ပြီဟုကြေညာပြီးနောက် နေပြည်တော်အတွင်း လုံ ခြုံရေးအင်အား အများအပြား ချထားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ဇဗ္ဗူသီရိ ရွှေကြာပင်ရပ်ကွက်ရုံး ဗုံးပစ်ခံခဲ့ရကြောင်း သိရသည်။
#နေပြည်တော် #လုံခြုံရေးတင်းကျပ် #MPA