လှိုင်သာယာမြို့နယ် အဝေးပြေးလမ်းမပေါ်ရှိ ရဲတပ်ရင်း(၉)ကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ၈ရက်မွန်းလွဲပိုင်းတွင် အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်သုံး ဦးအပြင်းအထန်ဒဏ်ရာရှိသွားသည်။
ယနေ့မွန်းလွဲတစ်နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ပုသိမ်လမ်းမကြီး၊နည်းပညာကျောင်းလမ်းထိပ်ရှိရဲတပ်ရင်း၉ကိုလှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ကအဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရဲတပ်ရင်းရှေ့တွင် လုံခြုံရေးယူထားသောအကြမ်းဖက်စစ်သားသုံးဦး အပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။
“အန္တရာယ်များပေမယ့်ပုံမှန်ပါပဲ။ဘာအခက်အခဲမှမရှိခဲ့ပါဘူး။အေးဆေးပါပဲ”ဟုသတင်းရင်းမြစ်တစ်ဦးကMPAသို့ပြောသည်။
ပေါက်ကွဲမှုပြုလုပ်ခဲ့သော်လည်းမြို့ပြပြောက်ကျားအဖွဲ့သားများမှာအန္တရာယ်ကင်းကင်းဖြင့် ဆုတ်ခွါလာနိုင်ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်အပါအဝင်မြို့အတော်များများတွင် အကြမ်းဖက်စစ်တပ်၏ခြေကုပ်စခန်းများကို မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်လျက်ရှိနေသည်။
ထိုသို့တိုက်ခိုက်မှုများပြုလုပ်နေသကဲ့သို့ရဲတပ်ဖွဲ့ဝင်များစစ်သားများအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီးလှုပ်ရှားမှုတွင်CDMလှုပ်ရှားမှုတွင်ပါဝင်ရန်လည်းတိုက်တွန်းလျက်ရှိနေသည်။