By MPA
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတဝန်း ခုခံတွန်းလှန်စစ် ယနေ့ စက်တင်ဘာ ၇ ရက် နေ့မှစ၍ စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်သည်။
“ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ “ ဟု NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလကဆိုသည်။
အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်တွင်အလုပ်လုပ်နေသော အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းအားလုံး ယနေ့မှစ၍ တာဝန်ထမ်းဆောင်ခြင်း မှစွန်ခွာကြရန် တိုက်တွန်းထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.များ – PDF များအနေဖြင့်ပြည်သူလူထုဩ အသက်အိုးအိမ်ကိုသတိထားကာကွယ်စောင့်ရှောက်ပြီး အထက်မှ ညွန်ကြားချက်များကိုတိတိကျကျလိုက်နာရန် နှင့် ပြည်သူကာကွယ်ရေးတပ်ကထုတ်ပြန်ထားသည့် စည်းမျဥ်းစည်းကမ်းများကိုလိုက်နာကြရန် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူတို့အနေဖြင့် ခရီးသွားလာခြင်းများကို ရှောင်ကြဥ်ခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.များ – PDF ကို အစွမ်းကုန်ပူးပေါင်းကူညီရရန် NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက ယနေ့မနက်တွင် အရေးပေါ်မိန့်ခွန်းပြောကြားပြီးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
#D_Day #စစ်ကောင်စီ #MPA #NUG