စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ် မြေအတွင်း လုံခြုံရေးပိုမိုတိုးမြှင့်တင်းကျပ် ထားကြောင်း နေပြည်တော်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရသည်။
နေပြည်တော်သို့ဝင်ရောက်နိုင်သည့် ရန်ကုန်- မန္တ လေးလမ်းဟောင်းနှင့်ဆက်စပ်နေသည့် မြို့များ တွင် ယခင်ထက်လုံခြုံရေးတိုးမြှင့်ထားပြီး ယခင်စစ်ဆေးခြင်းမရှိသည့် အခြားဝင်/ထွက်မြို့ရှောင် လမ်းများပါ လုံခြုံရေးများထပ်မံချမှတ်၍ စစ် ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
” အဓိက ကတော့ အဝင်အထွက်နေရာတွေပေါ့။ အရင်ထက်အင်အားတိုးပြီး ပိုပြီးစစ်ဆေးခိုင်း ထားတာတွေရှိတယ်။ လမ်းဟောင်းဘက်ကရော၊ အမြန်လမ်းဘက်ကရော အဓိက ခိုးဝင်နိုင်တဲ့လမ်းတွေမှာ စစ်တဲ့ဂိတ်တွေထပ်တိုးချထားတာ တွေရှိတယ်။” ဟုနေပြည်တော်ရဲတပ်ဖွဲ့အတွင်း တာ ဝန်ထမ်းဆောင်နေသူ တပ်ဖွဲ့ဝင်တစ်ဦးက MPAသို့ပြောသည်။
ကိုဗစ်ရောဂါကိုအကြောင်းပြ၍ စစ်ဆေးမှုများ ပိုမိုတင်းကျပ်နေပြီး နေပြည်တော်သို့ဝင်ရောက်သူများအား ပို၍ စစ်ဆေးကြောင်းသိရသည်။
” အရင်က ဒီတပ်ကုန်းမြို့ရှောင်လမ်းဘက်မှာ စစ်တာဆေးတာမရှိဘူး။ ပြီးခဲ့တဲ့ ၁ရက်နေ့ကစပြီး တပ်ကုန်းကနေ ပုပ္ဗသီရိကိုဝင်တဲ့ မြို့ရှောင်လမ်း ခွဲမှာ စစ်သား ၂၀ လောက်စခန်းချပြီး စစ်ဆေး တာတွေစလုပ်နေတယ်။ ကိုဗစ်အတွက်စစ်တယ်လို့ပြောတာဘဲ။ အထွက်ကိုအဲ့လောက်မဟုတ်ဘူး။ အဝင်ဆို ဆိုင်ကယ်ဘောက်တွေရော၊ ရှိသ မျှအိတ်အကုန်ဖွင့်စစ်တာ။ ကိုဗစ်စစ်တယ်ဆိုရင် Maskမတပ်တာတို့ဘာတို့လောက်ပဲ စစ်ရမှာလေ။” ဟု နေပြည်တော်ဒေသခံတဦးက MPAသို့ပြောသည်။
စစ်ကောင်စီအနေဖြင့် ယခုလဆန်းပိုင်းတွင် နေ ပြည်တော်စစ်တိုင်းမှူးအပြောင်းအလဲပြုလုပ်ခဲ့ပြီး ယခင်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ် ချုပ် ဇော်ဟိန်းအား တိုင်းမှူးအသစ်အဖြစ်ခန့်အပ် ခဲ့ကာ ယခင်တိုင်းမှူးအား ယခု ကြည်း/ရေ/လေ ညှိုနှိုင်းကွပ်ကဲရေးမှူးအဖြစ်တိုးမြှင့်ပေးခဲ့သည့် ဗိုလ်ချုပ်ကြီးမောင်မောင်အေး တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်
ယခုလ ၁ ရက်နေ့က နေပြည်တော် PDF မှ စစ်ကောင်စီ ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ ဝါဒဖြန့်သတင်းဖြန့်ခြင်းသာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ကာ ထုတ်ပြန်ခဲ့သည်။
Photo_ MPA
( ယခင်ရိုက်ကူးထားသည့်စစ်သားတစ်ဦး ကိုဗစ်အကာအကွယ်များဖြင့်လုံခြုံရေးယူနေသာပုံဖြစ်ပါသည်။)