• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
29 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

သတင်းထောက် မသူဇာ အဖမ်းခံရဟု မိသားစုဝင်များက အတည်ပြု

MPA by MPA
Sep 5, 2021
in မီဒီယာ, သတင်း
0
0
Share on FacebookShare on Twitter
[ English Below ]
By MPA
မေလက နေအိမ်တွင် လာရောက် ဖမ်းဆီးရှာဖွေခြင်း ခံခဲ့ရသော အမျိုးသမီးသတင်းထောက်ဖြစ်သူ မသူဇာသည် အဖမ်းခံထားရခြင်းဖြစ်သည်ဟု ၎င်း၏ အမျိုးသား ကိုရဲကိုက အတည်ပြုသည်။
၎င်းနှင့် စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်အထိ ဖုန်းအဆက်အသွယ်ရသော်လည်း နောက်ပိုင်းတွင် ဖုန်း အဆက် အသွယ် ပြတ်တောက်ခဲ့ပြီး အဖမ်းခံလိုက်ရကြောင်း သူကပြောသည်။
“ သူ့ကို စက်တင်ဘာ ၁ ရက်၊ နေ့လယ် ၃ နာရီလောက်က သူ့သမီး ဖုန်းဆက်တော့ အပြင်ရောက်နေတယ်ပြောတယ်။ နောက်တော့ ဖုန်းပိတ်သွားတယ်။ ညကလည်း သူအိပ်တဲ့နေရာ ပြန်မလာဘူး။ ဖုန်းလည်း ပိတ်ထားဆဲ။ မနက် ၇ နာရီကျော်လောက်က ဖုန်းပြန်ဖွင့်တယ်။ ခေါ်တာ မကိုင်ဘူး။ တစ်နာရီကျော်ကြာတော့ ဖုန်းပြန်ပိတ်သွားတယ်” ဟု ဆိုသည်။
မသူဇာနေသည့်အိမ်ကို မေလအတွင်းက အကြမ်းဖက်စစ်တပ်နှင့်ရဲ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သော်လည်း သူမက နေအိမ်တွင်မရှိသဖြင့် လွတ်မြောက်ခဲ့သည်။
အဆိုပါ ရှာဖွေမှုတွင် မသူဇာကို မတွေ့ရှိသဖြင့် သူမ၏ အမျိုးသားကိုဖမ်းဆီးသွားခဲ့ပြီး ငါးရက်ခန့်အကြာမှ ပြန်လွှတ်ပေးခဲ့သည်။
မသူဇာသည် မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ် အစရှိသဖြင့် ရုပ်သံနှင့် တကွ သတင်းဆောင်းပါးများကို လုပ်ကိုင်ခဲ့ဖူးသည့် လုပ်သက် ၁၄ နှစ်နီးပါးရှိ လုပ်သက်ရင့် သတင်းထောက်ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် Friday Time Journal၊ MPA သတင်းဌာနနှင့် ကိုရီးယား သတင်းဌာနတို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာ သိမ်းပြီးနောက်ပိုင်း အလွတ်သတင်းထောက်အဖြစ် ဆက်လက်ရပ်တည်နေသော်လည်း မေလမှစကာ သတင်းအလုပ်အကိုင်ကို ရပ်နားပြီး ရှောင်တိမ်းနေရသူ ဖြစ်သည်။
ဓာတ်ပုံ – မသူဇာ Facebook
#သတင်းထောက် #မသူဇာ #မီဒီယာ #ဖမ်းဆီးခံရ#MPA
[ English Version ]
Family Confirms Reporter Ma Thuzar Arrested
By MPA
Woman Reporter Ma Thuzar whose home was raided for a search in May has been arrested, her husband Ko Ye Ko confirmed.
She was still in contact until about 3pm September 3, but she was out of contact after that and had been arrested, he said.
“At about 3pm, September 3, she told her daughter on the phone that she was outside. Then the phone was switched off. She also didn’t return to her bed place that night. The phone is still shut down. But it was on again around 7am but it wasn’t answered. Then it was switched off again after about an hour,” he said.
Ma Thuzar’s home was raided by a force of about 40 soldiers and police but she escaped as she wasn’t at home at the time.
During the raid, since Ma Thuzar wasn’t found, her husband was arrested but freed after five days.
Ma Thuzar has contributed news and articles for the Modern Journal, Ayeyarwaddy News Media, RFA News Media, 7 Days News Media and Friday Time and is an experienced reporter with a nearly 14-year-long experience.
After the military coup, she has worked as a freelance reporter for the Friday Time Journal, MPA and a Korean Media.
Even though she continued to work as a freelance reporter after the February 1st military coup, she stopped working as a reporter since May and had been in hiding.
Photo – Ma Thuzar (Facebook)
#Reporter #MaThuzar #Media #Arrested
Tags: JournalistMediaMPAMyanmarNewsPressThuzarYangon
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

PDF

တောင်ငူလေတပ်‌စခန်းဌာနချုပ် ရှော့တိုက်ဒုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်သား ၃ဦးသေ၊ ရဟတ်ယာဉ် တစ်စီးပျက်စီးဟုဆို

Mar 29, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

တောင်ငူ လေတပ်‌စခန်းဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေကာ ရဟတ်ယာဉ် တစ်စီးပျက်စီးသွားကြောင်း Bago Region PDF ကထုတ်ပြန်သည်။ မတ်လ ၂၇ရက်နေ့က KNLA နှင့် PDFတပ်ဖွဲ့တို့ပူးပေါင်းကာ Rain...

Read more
by MPA
0 Comments
PDF

စုဖွဲ့၊ လေ့ကျင့်၊ စစ်သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ မကွေးတိုင်းတွင်ကျင်းပ

Mar 29, 2023
စုဖွဲ့၊ လေ့ကျင့်၊ စစ်သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ မကွေးတိုင်းတွင်ကျင်းပ

အပတ်စဉ် ၄ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲကို မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပခဲ့သည်။ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို မတ်လ ၂၇ရက်နေ့က မကွေးတိုင်းတစ်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယင်းသင်တန်းဆင်းပွဲသို့...

Read more
by MPA
0 Comments
PDF

မြင်းမူ လမ်းဘေးစျေးဆိုင်တန်းတွင် စခန်းချထားသော စစ်တပ် လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရ

Mar 29, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းရွာထိပ်တွင် စခန်းချထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း People’s Knight Defense Force-MMUက ထုတ်ပြန်သည်။ မတ်လ ၂၈ ရက် ၊မွန်းလွဲ ၂ နာရီ၄၄မိနစ်ခန့်တွင် ဘိုးမင်းကြီးကင်းရွာထိပ်...

Read more
by MPA
0 Comments
PDF

NUG အစိုးရ ဦးဆောင်မှုဖြင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့

Mar 28, 2023
NUG အစိုးရ ဦးဆောင်မှုဖြင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယင်းစာမေးပွဲကို NUG ၏ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၅ ရက်နေ့မှ ၂၀...

Read more
by MPA
0 Comments
PDF

တာမွေတွင် ယာဉ်ထိန်းရဲများ ဗုံးဖြင့်အထုခံရပြီးနောက် တင်းကျပ်စွာ ရှာဖွေစစ်ဆေး

Mar 28, 2023
တာမွေတွင် ယာဉ်ထိန်းရဲများ ဗုံးဖြင့်အထုခံရပြီးနောက် တင်းကျပ်စွာ ရှာဖွေစစ်ဆေး

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ယာဉ်ထိန်းရဲများ ဗုံးဖြင့် အထုခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၁၀နာရီခန့်က တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသား မှန်အလူမီနီယံ...

Read more
by MPA
0 Comments
PDF

ရွာထဲပိတ်မိနေ‌သောစစ်တပ် PDF လစ်ပြီအထင်ဖြင့် ပြန်အထွက် မိုင်းဆွဲခံရကာ ၁ ဦးသေဆုံး ဟုဆို

Mar 28, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ် တာဝိုင်တိုင်ကျေးရွာ၌ ပိတ်မိနေသော စစ်တပ် PDF များလစ်ပြီအထင်ဖြင့် ဝိုင်းရဲစခန်းသို့ ပြန်အဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီ ၄၄...

Read more
by MPA
0 Comments
PDF

သံလွင်အရှေ့ခြမ်းရှိ ဘီပီ ၁၁စစ်တပ်ခြေကုပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

Mar 28, 2023
သံလွင်အရှေ့ခြမ်းရှိ ဘီပီ ၁၁စစ်တပ်ခြေကုပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ဘီပီ ၁၁ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၄ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ ဘီပီ ၁၁ခြေကုပ်စခန်းကို KA အမှတ်(၅)တပ်ရင်းနှင့် တပ်ပေါင်းစု...

Read more
by MPA
0 Comments
PDF

ကော့ကရိတ် ရွာများဆီ လက်နက်ကြီးဖြင့် စစ်တပ် ပစ်နေ၍ ဒေသခံထောင်ချီထွက်ပြေးနေရ

Mar 28, 2023
ကော့ကရိတ် ရွာများဆီ လက်နက်ကြီးဖြင့် စစ်တပ် ပစ်နေ၍ ဒေသခံထောင်ချီထွက်ပြေးနေရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိရွာများသို့ စစ်တပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေသဖြင့် ဒေသခံထောင်ချီထွက်ပြေးနေရကြောင်းသိရသည်။ ကော့ကရိတ်မြို့နယ်အတွင်း ယနေ့မတ်လ ၂၈ရက်နေ့၊ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်လျက် ရှိသော်လည်း စစ်ကောင်စီဘက်က ဒေသခံများနေထိုင်သည့် ကျေးရွာများသို့ လက်နက် ကြီး ပစ်ခတ်မှုများရှိနေကြောင်း ကျားဖြူစစ်ကြောင်း တပ်ရင်းရုံး...

Read more
by MPA
0 Comments
PDF

ကဝ တွင် ညကင်းလှည့်ပြီး ဘီယာဆိုင်ထိုင်နားနေသော ရဲများ တိုက်ခိုက်ခံရ
နယ်ထိန်းတစ်ဦးသေ၊စခန်းမှူးအပါအဝင်၄ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရဟုဆို

Mar 28, 2023
ကဝ တွင် ညကင်းလှည့်ပြီး ဘီယာဆိုင်ထိုင်နားနေသော ရဲများ တိုက်ခိုက်ခံရနယ်ထိန်းတစ်ဦးသေ၊စခန်းမှူးအပါအဝင်၄ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရဟုဆို

ပဲခူးတိုင်း၊ကဝမြို့နယ်အတွင်း ညကင်းလှည့်ပြီးဘီယာဆိုင်၌ နားနေသော ရဲတပ်ဖွဲ့ဝင်များကို အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ နယ်ထိန်း၁ ဦးသေဆုံးပြီး စခန်းမှူးအပါအဝင် ၄ ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရ ခဲ့ကြောင်းသိရသည်။ မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၅...

Read more
by MPA
0 Comments
သတင်း

မန္တလေးမြို့လယ်ရွှေဆိုင်ရှေ့ သေနတ်ပစ်ဖောက်ကာ ငွေသိန်း၁၂၀၀လုယက်၊ ကျူးလွန်သူများမှာ ရဲများဟု သတင်းထွက်ပေါ်

Mar 28, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

မန္တလေးမြို့၊စိန်ကျော်မိုးရွှေဆိုင်ရှေ့ သေနတ်ပစ်ဖောက်ကာ ကျပ်သိန်း၁၂၀၀ လုယက်သွားမှုူ ယမန်နေ့ညနေ ကဖြစ်ပွားခဲ့သည်။ မန္တလေးမြို့,ချမ်းအေးသာစံမြို့နယ်၊ ၈၅(A) ၃၁ / ၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေဆိုင် ရှေ့တွင် မတ်လ ၂၇ရက်နေ့၊ညနေ ၅ နာရီ ၁၅...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (2674) Myanmar (2408) News (1929) military (289) PDF (284) Politics (274) Yangon (227) SAC (221) SagaingRegion (158) RakhineState (123) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (82)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In