စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ရှိ ကပေါင်းကျကျေးရွာတွင် သြဂုတ်လ၂၆ရက်နေ့ညပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ တစ်ရွာလုံးကိုမီးရှို့ခဲ့သည့်အတွက် အိမ်ခြေ၇၀၀ကျော်စစ်ဘေးရှောင်နေကြရပြီး စာနပ်ရိက္ခာအထောက်အပံ့များလိုအပ်နေကြောင်းသိရသည်။
ယမန်နေ့နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ကပေါင်းကျကျေးရွာကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး လူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပြီး တစ်ဦးဖမ်းဆီးခဲ့သည့်ထို့နောက် ညပိုင်းတွင်ရွာကို အကြောင်းပြချက်မရှိပဲ မီးရှို့ခဲ့ခြင်းဖြစ်သည်။
“ဘာလို့ရွာကိုမီးရှို့တယ်ဆိုတာတော့ မသိပါဘူး။ ဒီကောင်တွေလုပ်နေကြပဲလေ။ ရွာလုံးကျွတ်ရှို့ခံရတာဆိုတော့ အကုန်ပြေးရတာ အိမ်ခြေ၇၀၀ကျော်လောက်ရှိမယ်” ဟု ဟုစစ်ကိုင်းမှစစ်အာဏာရှင်ဆန့်ကျင်နေသူလူငယ်တစ်ဦးက MPAသို့ ပြောသည်။
တိမ်းရှောင်နေရသည့်ရွာသားများမှာ တောထဲသို့ထွက် ပြေးရပြီး အမိုးအကာမရှိသည့်အတွက် သစ်ပင်အောက်များ၌သာနေထိုင်နေရပြီး စားနပ်ရိက္ခာများလည်းလိုအပ်လျက်ရှိနေသည်။
ယနေ့နေ့လယ်ပိုင်းအထိရရှိသောသတင်းများအရ ကပေါင်းကျကျေးရွာကို စစ်တပ်မှတပ်စွဲထားလျက်ရှိနေပြီး ရွာသားများအနေဖြင့် ရွာပတ်ဝန်းကျင်သို့ပြန်ရန်အတွက် အခက်အခဲများရှိနေသည်။
ကပေါင်းကျကျေရွာတွင် စစ်တပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်ဆီးသွားသောပမာဏ လူသေဆုံးမှုရှိမရှိနှင့်ပတ်ပက်ပြီး တိကျသောသတင်းအချက်အလက်များရရှိနိုင်ရန်အခက်အခဲများရှိနေသေးသည်။
ပြည်သူလူထုအနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လအတွင်း မကွေးတိုင်းပေါက်မြို့နယ်ကင်းမရွာတွင် ဖြစ်ခဲ့သောအဖြစ်ပျက်ခဲ့သို့ ဖြစ်ပွားမည်ကိုစိုးရိမ်လျက်ရှိနေသည်။
ကပေါင်းကျကျေးရွာသည် ဒီပဲယင်းမြို့နယ်နှင့် အနီးနားတွင် တည်ရှိပြီး စစ်တပ်မှတောက်လျှောက်နီးပါးရှာဖွေမှုများပြုလုပ်နေသည့်ကျေးရွာများဖြစ်သည် ။
စစ်အာဏာသိမ်းပြီး ၇လနီးပါကြာမြင့်လာချိန်တွင် အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ၁၀၀၀ကျော်ကိုသတ်ဖြတ်ထားပြီး စစ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသည်။