စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ရှိကာပေါင်းကျကျေးရွာကို သြဂုတ်လ၂၆ရက်နေ့ညပိုင်းတွင်
အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။
‘“နေ့လယ်ထဲကစစ်တပ်ကဝင်စီးထားတာ။ ညနေဘက်မှာ စစ်တပ်ကပစ်တဲ့အတွက် လူငယ်တစ်ယောက်လည်း သေဆုံးသွားရတယ်။ တစ်ယောက်ကိုဖမ်းသွားတယ်။အခုတော့တစ်ရွာလုံးကိုမီးရှို့ဖျက်ဆီးလိုက်တာ” ဟုစစ်ကိုင်းမှစစ်အာဏာရှင်ဆန့်ကျင်နေသူ လူငယ်တစ်ဦးကMPAသို့ပြောသည်။
လူငယ်နှစ်ယောက်ကိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အသက်အရွယ်ကိုပစ်ခတ်ခဲ့သည် မည်သည့်အကြောင်းကြောင့်ပစ်ခတ်ခဲ့သည်ကိုမူ MPA အနေဖြင့်ဆက်လက်စုံစမ်းလျက်ရှိသည်။
တစ်ရွာလုံးကိုမီးရှို့ပြီးဖျက်ဆီးခဲ့သည့်အတွက် ရွာလုံးကျွတ် စစ်တပ်နှင့်ဝေးရာနေရာများသို့စစ်ဘေးရှောင်နေကြရသည်။
မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်မီတွင် စစ်တပ်က ရွာထဲကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းပြုလုပ်ခဲ့သည်။ မီးရှို့ခံရမှုတွင် သေဆုံးမှုရှိမရှိကိုမူ အသေးစိတ် ပြောကြားရန်ခက်ခဲနေသေးကြောင်း သိရသည်။
ကာပေါင်းကျကျေးရွာသည် ဒီပဲယင်းမြို့နယ်နှင့် အနီးနားတွင် တည်ရှိပြီး စစ်တပ်မှတောက်လျှောက်နီးပါးရှာဖွေမှုများပြုလုပ်နေသည့် ကျေးရွာများဖြစ်သည် ။
စစ်အာဏာသိမ်းပြီး ခုနစ်လနီးပါကြာမြင့်လာချိန်တွင် အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ၁,၀၀၀ကျော်ကိုသတ်ဖြတ်ထားပြီး စစ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသည်။