ကေအိုင်အိုဗဟိုကော်မတီအနေဖြင့် စစ်ပွဲကိုရှောင်ရှားပြီး နိုင်ငံရေးပြဿနာကို စစ်မှန်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားမျှော်လင့်နေကြောင်းကို ကေအိုင်အို ၏ သြဂုတ်လ၂၄ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အေအိုင်အို ဗဟိုကော်မတီအနေဖြင့် စစ်ပွဲကြီးများကို ရှောင်လွဲကာ နိုင်ငံရေးပြသာနာများကို စစ်မှန်သည့် နည်းလမ်းဖြင့် ဖြေရှင်းသွားဖို့ မျှော်လင့် တောင့်တကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိ ကြီးမားသည့် စိန်ခေါ်မှု တိုင်းပြည်တွင် ကြုံတွေ့နေရစဥ် စစ်ပွဲကို ဖန်တီး၊ စစ်ပွဲကြီးဖြစ်လာလျင် အကျိုးမရှိကြောင်းနှင့် အဆိုပါ စစ်ပွဲများကို ရှောင်လွဲနိုင်ဖို့ သက်ဆိုင်သည့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကာ အဖြေရှာလျင် သင့်တော်ပါကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် တိုးတက်မှုအရာအားလုံး ပိတ်စို့သွားပြီး တိုင်းပြည်ဟာ အမှောင်ကျနေပြီဖြစ်ရာ ကိုဗစ်ကပ်ရောဂါ ဆိုးရွားစွာ ပြင်းထန်လာမှုကြောင့် ပြည်သူလူထုအနေဖြင့် ကိုးစားရာမဲ့ဖြစ်နေသည်ကို KIO မှ စိတ်မကောင်းဖြစ်ရကြောင်းပါရှိသည်။
ကိုဗစ်ကပ်ရောဂါ နှင့် ပတ်သက်ပြီး ကူညီထောက်ပံ့ပေးနေသည့် အိမ်နီးနားချင်း နိုင်ငံကြီး (တရုတ် နိုင်ငံကို ဆိုလိုခြင်းဟု နားလည်မိ) နှင့် ကမ္ဘာနိုင်ငံအသီးသီးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံကိုလည်း အထူးကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီးလည်း ကူညီထောက်ပံ့ပေးသည့် အကူညီများကို KIO မှ တဆင့် လိုအပ်နေသည့် ပြည်သူများထံ ကူညီပေးဖို့ အသင့်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကချင်နိုင်ငံရေးစိတ်၀င်စားသည့်လူငယ်များက လက်ရှိစစ်အာဏာရှင်တော်လှန်ရေးတွင် အေအိုင်အိုမှ အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းမည်ကိုစိုးရိမ်လျှက်ရှိသည်။