မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှကြောင့် နေအိမ်အများအပြား မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် အဆိုပါကျေးရွာရှိ ဓမ္မသ ၃ လမ်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယခု ဓမ္မသ ၁၀ လမ်းအထိ မီးကူးစက်ကာ မီးလောင်ကျွမ်းမှုသည် အရှိန်အဟုန်ပြင်းထန်နေကြောင်းလည်း သိရသည်။