မန္တလေးမြို့ရှိ သပိတ်စစ်ကြောင်းတစ်ခုဖြစ်သည့် မန္တလေးသပိတ်အင်အားစုမှ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်သီဟကို အကြမ်းဖက်စစ်တပ်က အရပ်ဝတ်များဖြင့် သြဂုတ် ၁၆ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။
“ကိုကျော်သီဟကို မနေ့ကညနေပိုင်းမှာ အရပ်ဝတ်လက်နက်ကိုင် တချို့က ဖမ်းခဲ့တာပါ” ဟုမန္တလေး သပိတ်အင်အားစုတွင် ပါဝင်သူတစ်ဦးက MPA သို့ ပြောသည်။
ကိုကျော်သီဟကို မဟာအောင်မြေမြို့နယ် ၇၃ လမ်းရှိ ဆိုင်တစ်ခုအရှေ့တွင် အရပ်ဝတ်ဖြင့်လက်နက်ကိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ထို့နောက် ကိုကျော်သီဟနှင့် ပတ်သက်သူအချို့၏ နေအိမ်များကို ရဲတပ်ဖွဲ့က လာရောက်ရှာဖွေခဲ့သည်။
ကိုကျော်သီဟ အဖမ်းခံရသူကို တွေ့မြင်ရသည့်မျက်မြင်များ၏ ပြောပြချက်အရ ညနေ ၅ နာရီခန့်တွင် သေနတ်များဖြင့် ချိန်ပြီး ရိုက်နှက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဘာလို့ အဖမ်းခံရတာလဲဆိုတော့ မနေ့က ညနေပိုင်း မန္တလာ သပိတ်ပြုလုပ်ဖို့ စီစဥ်ထားတာရှိတယ်။ အဲ့ကိုလာရင်း အဖမ်းခံရတာဆိုတော့ စုရပ်ပေါက်တယ်။ သတင်းပေါက်တယ်လို့ပဲပြောရမှာပါ” ဟု မန္တလေး သပိတ်အင်အားစုတွင် ပါဝင်သူတဦးကဆိုသည်။
ကိုကျော်သီဟ အဖမ်းခံရပြီးနောက်တွင် သပိတ်ပြုလုပ်ရန်စီစဥ်ထားသည့်နေရာသို့ စစ်သားများရောက်ရှိလာသည့်အတွက် သပိတ်ကိုဖျက်လိုက်ရသည်။
အကြမ်းဖက်စစ်တပ်သည် သပိတ်တွင်ပါဝင်သူများကို ဖမ်းဆီးရမိသည့်အခါတိုင်းတွင် စစ်ကြောရေးစခန်းများသို့ ပို့ဆောင်လေ့ရှိပြီး အများပြည်သူသိရှိရခြင်းမရှိဘဲ ရောက်ရှိသူများမှာ အသက်သေဆုံးပြီးမှ မိသားစုထံအကြောင်းကြားပြီး အလောင်းလာထုတ်ရန် ဆက်သွယ်မှုများရှိခဲ့သည်။
မန္တလေးသပိတ်အင်အားစုသည် ကျောင်းသားလူငယ်များ၊ မြို့နယ်သပိတ်များ ပါဝင်သော မန္တလေးအမာခံ သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆက်တိုက်ဆန့်ကျင်ဆန္ဒပြခဲ့သည့် သပိတ်စစ်ကြောင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် မြို့ကြီးအများအပြားတွင်စစ်အင်အားအလုံးအရင်းဖြင့်လည်းကောင်း၊အရပ်ဝတ်များဖြင့်လည်းကောင်းစစ်ဏာရှင် ပြုတ်ကျရေးအတွက် လုပ်ဆောင်နေသူများကို ပိုက်စိပ်တိုက်ရှာဖွေခြင်းဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိနေသည်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ သြဂုတ်လ၁၆ရက်နေ့အထိထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ဖမ်းဆီးခံရသူ၇၀၀၀ကျော်ရှိလာပြီး သေဆုံးသူ၉၉၀ကျော်ရှိလာပြီဖြစ်သည်။
Military Arrests a Strike Leader of Mandalay Strike Forces in Disguise
By MPA
On August 16 evening, the terrorist military arrested Ko Kyaw Thiha – a strike leader from the Mandalay Strike Forces – in casual dress.
“Ko Kyaw Thiha was arrested by some who were armed and in casual dress,” said a Mandalay Strike Forces participant to MPA.
He was arrested in front of a shop on the 73rd street in Maha Aung Myay township by armed people in casual dress.After that, the police searched homes of those who had relationships with Ko Kyaw Thiha.
Accroding to the eye-witnesses of the arrest, Ko Kyaw Thiha was arrested at gunpoint at about 5pm and was beaten as well.
“The reason he was arrested was because there was a strike planned to take place in Mandala that evening. He was arrested while coming to that place. So it was a news leak,” a Mandalay strike forces participant said.
The strike had to be called off as the military arrived to the scene after the arrest of Ko Kyaw Thiha.
After every arrest of the strike participants, the military would send them to the interrogation camps without the knowledge of the public and the families would be contacted to pick up the body after they have been killed.
The Mandalay strike forces consists of students and township strikes and it is a strong strike of Mandalay against the military coup.
In big cities, the terrorist military is searching those who are against and work for the collapse of the military dictator in casual dresses and with heavy forces.
According to the report of the Amnesty Association for Political Prisoners (AAPP) per August 16, more than 7000 have been arrested and more than 990 have been killed in Myanmar since the coup.