နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှုများဖြစ်သော ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများကို စစ်ဆေးသွားမည်ဖြစ်၍ စာရင်းပြုစုထားရှိရန် စစ်ကောင် စီခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်- UECက ကြေညာချက် ထုတ်ပြန်လိုက်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ပါတီပိုင် ငွေကြေးများနှင့် စာရင်းများအပါအဝင် ပါတီဝင်ကြေးနှင့် ပါတီဝင်လစဥ်ကြေးစာရင်း၊ ပါတီသို့လှူဒါန်း ထားသည့် ငွေကြေးနှင့်ပစ္စည်းစာရင်း၊ ပါတီပိုင် လုပ်ငန်းများ၏ ဝင်ငွေနှင့်အမြတ်စွန်းရရှိမှု၊ ပါတီ စည်းရုံးရေးအတွက် သုံးစွဲမှုစားရိတ်၊လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစားရိတ်အပေါ် ပါတီက ကျခံမှုစာရင်း စသည်တို့အား စစ်ဆေးသွားမည်ဟု ရေးသားဖော်ပြထားသည်။
အဆိုပါ အစစ်ဆေးခံရမည့် မှတ်တမ်းများနှင့်ပတ်သက်၍ စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ အထောက်အထားများကို စနစ်တကျထားရှိရမည်ဖြစ်ပြီး စစ်ဆေးခံနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိရမည်ဟု ရေးသားထားသည်။
စစ်ကောင်စီအနေဖြင့် ၄င်း၏လက်အောက်ခံ UECက နိုင်ငံရေးပါတီများကို စစ်ဆေးမည်ဟုဆိုသော်လည်း ယခင်အာဏာရပါတီ NLD ပါ တီ၏ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ရပ်/ ကျေးအဆင့်ပါတီဥက္ကဌများကိုပါ ဖမ်းဆီးထားကြောင်း သိရသည်။
Photo-MPA (၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲက မဲထည့်ပေးနေသောမြင်ကွင်းဖြစ်ပါသည်။)
#UEC #နိုင်ငံရေးပါတီများ #အစစ်ဆေးခံရေး #ထုတ်ပြန်ချက် #MPA