• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
20 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ခြင်းကြောင့် နိုင်ငံအတွင်း ကမောက်ကမ ဖြစ်မှုများ ပို၍ ဆိုးလာခဲ့သည်။

MPA CJ009 by MPA CJ009
Feb 16, 2024
in သတင်း
0
0
ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ခြင်းကြောင့် နိုင်ငံအတွင်း ကမောက်ကမ ဖြစ်မှုများ ပို၍ ဆိုးလာခဲ့သည်။
Share on FacebookShare on Twitter

အဆိုပါ စစ်မှုထမ်း ဥပဒေအရ အသက် ၁၈နှစ်မှ အသက် ၄၅နှစ်အတွင်းရှိ လူငယ်၊ လူလတ်ပိုင်းများ မဖြစ်မနေ စစ်ကောင်စီတပ်ထဲ အတင်းအကျပ် ဝင်ရောက်ရမည့် အခြေအနေ ဖြစ်လာခဲ့သည်။

အထူးသဖြင့် လူငယ်များနှင့် အလုပ်သမားများအကြား စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းမည့် အစီအစဥ်အား မည်သို့ ကျော်လွှားရမည်ကို အဖြေရှာလျှက် ရှိနေသည်။

အဆိုပါ အခြေအနေများ နှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင် နှင့် ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြပေးလိုက်ပါသည်။


မေး။ ။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြုလာတယ်။ ဘာကြောင့် ဒီလိုလုပ်တယ်လို့ မြင်လဲ။

ဖြေ။ ။ ဒီဥပဒေ ထုတ်တာ လူငယ်တွေကိုသာမက CDM တွေကိုလည်း ကြောက်နေလို့၊ အခု သူတို့ မတရား အလုပ် ဖြုတ်လိုက်တဲ့ CDM လူလေးသိန်းနီးပါးက ပြည်တွင်းမှာဘဲ ရှိနေတယ်။ ပြည်တွင်းမှာ ရှာကြံ စားသောက်ပြီးတော့ နေနေတဲ့ လူတွေကနေပြီးတော့ ပြန်လည်ပြီး သူတို့ကို ဦးညွတ်မလာဘူး။ ဦးကျိုးမသွားဘူး။ ဆက်လက်ပြီးတော့ ကြံ့ကြံ့ခံ ဆန္ဒပြနေတယ်ဆိုတဲ့ ကိစ္စက သူတို့ တော်တော် ဒုက္ခရောက်ပါတယ်။

ကုန်ထုတ်စွမ်းအား ကျသွားတဲ့ ကိစ္စတို့ နောက် ကုန်ထုတ်စွမ်းအားကို မဖော်နိုင်တဲ့ ကိစ္စတို့ ဒါတွေအားလုံးက ကြည့်မယ်ဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင် မရှိရင် စစ်တပ်က အစားထိုး ဝင်လို့ မရပါဘူး။ 

အရင်တုန်းက နေရာတကာမှာ စစ်တပ်က အရာရှိတွေ လာတယ်ဆိုတာ အပေါ်ကနေ အုပ်ချုပ်တာတော့ လုပ်ရတာပေါ့ဗျာ၊ တပ်က အုပ်ချုပ်မှု ပုံစံနဲ့ အဲ့ဒီလို လုပ်တဲ့ အခါ ဘာဖြစ်လဲ စီးပွားရေး ပျက်တာပေါ့။ 

သံတမန်ရေးရာမှာ စစ်သားက သံတမန် လုပ်တဲ့ အခါမှာ ခင်များတို့ လေ့ကျင့်ထားတာ စစ်သားလို လေ့ကျင့်ထားတာ ၊ စစ်သားလိုပြော စစ်သားလို ကြံတဲ့သူက သံတမန်ရေးမှာ ဟုတ်မှ မဟုတ်တာဘဲ၊ ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ အင်္ဂလိပ်စာ တတ်တတ် သင်ကြားမှုက တူမှ မတူတာ မတူတာကို လိုက်လုပ်တော့ တိုင်းပြည်ဒုက္ခရောက်တာပေါ့၊ အခုလည်း ကျောင်း ဆရာ ဆရာမတွေ ဖြုတ်လိုက်တယ် ။ စစ်တပ်က ဝင်သင်လို့မှ မရတာ၊ ဆရာဝန်တွေ ဖြုတ်လိုက်တယ် စစ်တပ်က ရှိတဲ့ ဆရာဝန်က မတူဘူးလေဗျာ၊ စစ်မြေပြင်မှာ ဖြစ်တဲ့ ရောဂါကို ကုတဲ့ သူနဲ့ ဒီ ရိုးရိုး သာမာန်လူကို ကုတဲ့သူနဲ့ ဆက်ဆံပုံ ဆက်ဆံနည်း တူမှ မတူကြတာ။

ပညာရေးမှာလည်း မတူဘူး အုပ်ချုပ်ရေးမှာလည်း မတူဘူးဗျာ၊ ကျန်းမာရေးမှာလည်း မတူဘူး။ အခုဟာက ဒီ CDM တွေကြောင့် ဒုက္ခရောက်တယ်ဆိုတာ သုံးနှစ် ပြည့်တဲ့အချိန်မှာ နားလည်လာတဲ့အခါမှာ CDM တွေကို ရန်လုပ်တာလည်း ပါပါတယ်။ အဲ့ဒါကြောင့်မို့ ကျတော်တို့ ရဲဘော်တွေ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေသော် လည်းကောင်း လုပ်ငန်းခွင်မှာ CDM နဲ့ ရဲရဲ တိုက်နေတဲ့ သူတွေကို ကျတော် တို့က ပြန်အားပေးပါတယ် ။

ဒါကို ကျော်လွှားဖို့ ခက်တော့ ခက်တာပေါ့ဗျာ၊ ကိုယ်တိုင်တော့ ခါးဆည်းပြီး ခံရမှာ ဖြစ်တယ်။ သို့သော် မကြာခင်မှာ အောင်ပွဲ ရပါလိမ့်မယ် ။ လူငယ်ထုကိုရော CDM အလုပ်သမားထုကိုရော တစ်ပြိုင်တည်းမှာ မင်းအောင်လှိုင် စစ်မျက်နှာ ဖွင့်တာဟာ သူ့အတွက်က ကောင်းကျိုးမရှိပါဘူး။ ကျတော်တို့ မကြာခင်အောင်ပွဲရမယ် ။ သူလုပ်တာလည်း ရာခိုင်နှုန်း ပြည့်အောင်မြင်မှာ မဟုတ်ဘူးလို့ ကျတော်ပြောချင်ပါတယ်။

မေး။ ။ဒါက ဘယ်လောက်ထိ သက်ရောက်မှု ကြီးနိုင်လဲ။

ဖြေ။ ။ အလုပ်သမားထုရော တစ်နိုင်ငံလုံးကိုပါ သက်ရောက်မှုရှိတာပေါ့၊ သက်ရောက်တဲ့ အပြင်ကို အလုပ်လုပ်တဲ့သူဆိုတာ မြန်မာပြည်မှာ အသက်၁၆နှစ်က စပြီး အလုပ်လုပ်ကြတာဆိုတော့ သူတို့ ထုတ်တဲ့ ဥပဒေအရဆိုရင် ပညာရှင် ပါ မကျန်ဘူးဆိုတော့ ကျတော်တို့က ရိုးရိုး အခြေခံ အလုပ်သမား ၊ ပန်းရံ သမားအလုပ်သမား ကျတော်တို့ ဒီ လက်သမား အလုပ်သင်တွေပေါ့နော်။ တစ်ချို့ ဗမာပြည်မှာ အလုပ်သင်နဲ့ ၀င်တဲ့ လူငယ်တွေ လက်သမား ဆရာကြီးတွေ ပန်းရံ ဆရာကြီးတွေ နောက်မှာ လိုက်ပြီးတော့ အလုပ်သင်၀င်တဲ့ လူငယ်တွေဆိုရင် ကျတော်တို့ ၁၄ နှစ် ၁၆ နှစ်လောက်က စကြတယ်။

နောက်တစ်ခါ ဒီ စားသောက်ဆိုင်တွေမှာ လုပ်တဲ့ လူငယ်တွေ ဒါတွေ အားလုံးက အခြေအမြစ် မရှိဘဲ သူတို့ ဖမ်းလို့ရတဲ့ အနေအထား ဖြစ်သွားတယ်။ ဖမ်းပြီးတဲ့ နောက်မှာ သူတို့ ပိုက်ဆံတောင်းပြီး ပြန်ရွေးဖို့ ပိုက်ဆံ တောင်းချင် တောင်းမယ် စစ်တပ်က ဒါကတစ်ခု၊ မဟုတ်လို့ ရှိရင် တကယ်ပဲ စစ်တပ်ထဲ သွင်းပြီး တိုက်ခိုက်ခိုင်းမယ်။ ဒါက သေတွင်းပို့တဲ့ ကိစ္စတစ်ခုပေါ့။ 

မဟုတ်ရင်တောင်မှ ကျတော်တို့က ဒီနိုင်ငံရေးထဲမှာ မပါတဲ့ ကိုယ့်ဘာသာကိုယ် စား၀တ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေရတဲ့ လူငယ်တွေဟာ လုပ်ငန်းခွင်ထဲ ၀င်တဲ့ အချိန်မှာဘဲ သူတို့ အဖမ်းခံ သွားပြီးတဲ့နောက် သူတို့ရဲ့ စိတ်မပါဘဲ သွားပြီးတော့ အဓမ္မ လက်နက်ကိုင်ရတဲ့ ကိစ္စဖြစ်တော့ ဒါတွေဟာ အားလုံးကတော့ အလုပ်သမားထုရော တစ်နိုင်ငံလုံး ထိခိုက်တယ်လို့ ကျတော် ပြောချင်ပါတယ်။

မေး။ ။ ဒီစစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားတွေ ကြားမှာရော ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ၊ အကျိုးဆက်တွေက ဘယ်လို ဖြစ်လာနိုင်လဲ။

ဖြေ။ ။ အလုပ်သမားထုဆိုရင်လည်း အခု ကျတော်တို့ ကြားနေရတာက စက်မှုကုန်ထုတ် အများဆုံးရှိတဲ့ စက်မှုဇုန်တွေမှာ လူတွေ ကျီးလန့်စာစားဖြစ်ပြီး ကျတော်တို့ကို ဖုန်းနဲ့ မေးနေတာ ရှိတယ်။ မြေပြင်မှာ ကျတော်တို့ ရဲ့ စည်းရုံးရေးမှူးတွေကို ဘယ်လို လုပ်ကြရမလဲ ဆိုတာကို မေးနေတဲ့ အနေအထားတွေ ရှိတော့ ဒါကို ဘယ်သူမှတော့ မကူညီနိုင်ဘူးလို့တော့ ကျတော်တော့ မြင်တယ် ။

အဲ့ဒါကြောင့် လုပ်ငန်းခွင်တိုင်း ထိခိုက်မှာပါ၊ လုပ်ငန်းခွင်ထိခိုက်မယ် ကုန်ထုတ်စွမ်းအား ကျသွားမယ်။ ကျတဲ့ အချိန်မှာ တစ်ခါတည်း ထပ်ပြီးတော့ အဲ့ဒီမှာ ကုန်စျေးတက်တာတို့ ကုန်ထုတ်လုပ်မှု ကျဆင်းတော့ တိုင်းပြည်၀င်ငွေ မရှိတော့ဘူး ဖြစ်မယ်။ ဒါတွေ အားလုံးက မင်းအောင်လှိုင်ကတော့ အကုန်လုံးကို တိုက်ခိုက်လိုက်ပြီ၊ သူ့ကိုပဲ ပြန်ထိမှာ ဆိုတာတော့ ကျတော် ပြောချင်ပါတယ်။

နောက်တစ်ခုက ဘာလည်းဆိုတော့ အလုပ်သမားတွေရော လူငယ် လူလတ်ပိုင်းတွေက သူတို့ဘက်ကို မပါဘူး။ ဒီ စစ်အုပ်စုဘက်ကို မပါဘူး။ သူတို့ဘာသာ သူတို့ နိုင်ငံတကာမှာ သွားပြီးတော့ ၀င်ငွေရှာတာကိုလည်း မနာလိုတဲ့အတွက်ကြောင့် သူ့မှာလည်း ရှိတဲ့ သားသမီးတွေက စီးပွားရေးတွေ အကြီးကြီးတွေ ခိုးပြီးတော့ လုပ်နေကြတယ်။

ဟိုပစ္စည်းခိုးလိုက် ဒီပါမစ်ခိုးလိုက် လုပ်နေတယ်။ သူများ သားသမီးကိုတော့ ကိုယ်ချင်းမစာဘဲ နိုင်ငံခြား မှာ ငွေကြေးကုန်ကျခံပြီး သွားတာတောင်မှ စစ်တပ်မှာ ထမ်းဆောင်ရမယ်ဆိုတာက စစ်တပ်က တစ်ကယ်မလုပ်ပါဘူး။ စစ်သားအစစ်တွေက ဒါမျိုးတွေ မလုပ်ပါဘူး။ နိုင်ငံတာ၀န်ထမ်းဆောင်မယ်။ နိုင်ငံကာကွယ်မယ် ဆိုတဲ့ သူတွေက ဒါမျိုးတွေ မလုပ်ပါဘူး။

မေး။ ။ အခုအခြေအနေက လူငယ်တွေ အတွက် ရှောင်လွှဲရခက်တဲ့ အကျပ်အတည်းဖြစ်လာတယ်။ ဒီအတွက် ဆရာ့အနေနဲ့ ဘယ်လို အကြံပေးချင်လဲ။

ဖြေ။ ။ လူငယ်လူရွယ်တွေက ပြင်ဆင်ဖို့ကတော့ စိတ်ပိုင်းဆိုင်ရာရော ကျတော်တို့က လူကိုယ်တိုင်က သွားလာလှုပ်ရှားနိုင်တာတော့ ပြင်ဆင်ထားရမှာပေါ့ဗျာ။ 

အခုအချိန်မှာ ဘယ်သူ့မှ မေးချိန်ရမယ်လို့ မထင်ပါဘူး။ သတင်းတွေထဲမှာ ပါသလိုပေါ့ လက်ဖက်ရည်ဆိုင်မှာ ကားလာရပ်ပြီး ဝုန်းဆို အရင်တုန်းက ပေါ်တာ ဆွဲသလို ရန်ကုန်မြို့လယ်ခေါင်မှာ လုပ်ဖို့ကို ဒီကောင်တွေဟာ မရိုးမသားနဲ့ လုပ်တဲ့ ကိစ္စ ဖြစ်တယ်ပေါ့နော်။

နိုင်ငံမှာ သူတို့က ပြည်ပရန် ကာကွယ်ဖို့ မဟုတ်ဘုနဲ့ ကိုယ်လုပ်လို့ အသုံးမကျတဲ့ဟာကို လူတွေ အားလုံးကို စွဲထည့်တဲ့ ကိစ္စ ငါတို့ သင်္ဘာမြုပ်နေပြီ မင်းတို့အားလုံး လာဆိုပြီး ဆွဲထည့်တဲ့ ကိစ္စကတော့ အဲ့ဒါအတွက်တော့ ပြင်ဆင်ထားရမယ်။ဘယ်နည်းနဲ့မှတော့ စစ်တပ်ထဲ ၀င်လို့ မရဘူး။ ဘယ်နည်းနဲ့မှတော့ ဒီ စစ်တပ်ထဲ ၀င်ပြီး လက်နက်ကိုင်မယ်ဆိုတာ ဖြစ်လို့ မရဘူး။

အဲ့ဒါကြောင့်မလို့ ကိုယ်က မနေနိုင် မတတ်နိုင်ဘူး ဆိုရင်တော့ မ၀င်နိုင်ဘူး ဆိုရင်တော့ ကိုယ့်နေရပ် ကိုယ်စွန့်ခွာဖို့ ဆိုတာတော့ ပြင်ထားရမယ်။ အရင်တုန်းက သူတို့ လုပ်ခဲ့တဲ့ ဒီ သတင်းမှိုင်း တိုက်ခဲ့တဲ့ ကိစ္စပေါ့။ Propaganda ပေါ့နော်။ ဒီ တော်လှန်ရေး နယ်မြေထဲသွားရင် ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ် မဖြစ်ပါဘူး။ ကျတော်တို့ ရှိနေပါတယ်။ အဲ့ဒီတော့ တိုင်းရင်းသား ဒေသတွေ အားလုံးမှာလည်း၊ ကျတော်တို့ သက်ဆိုင်ရာမှာ ဘာပဲပြောပြော ဒီနွေဦးတော်လှန်ရေးက ၀င်လာတဲ့ ရဲဘော်တွေ အားလုံးက တိုက်ခိုက်ရေး တပ်ဖွဲ့တွေလည်း ရှိနေတဲ့ အပြင်ကို ခုံလှုံဆိုတာမျိုးလည်း ရှိနေတယ် ။

ကျတော် လက်နက်မကိုင်ချင်ဘူး။ စစ်တပ်ထဲလည်း မ၀င်ချင်ဘူး။ ဒီဘက်မှာ ရှိတဲ့ တပ်ထဲလည်း မ၀င်ချင်ဘူး။ ဒါကြောင့်မလို့ ခိုလှုံအနေနဲ့ နေချင်ပါတယ်ဆို နေလို့ရတဲ့ အနေအထားလည်း ရှိတယ်။ ဒီလိုလူတွေလည်း အများကြီး ရှိပါတယ်ဆိုတာကို ကျတော်က တင်ပြချင်တယ်။ တိုင်းရင်းသား ဒေသထဲမှာလည်း အေးအေးချမ်းချမ်း နေလို့ရတဲ့ ဒေသလည်း ရှိပါတယ်။ ဗုံးသံတော့ ကြားနေရတာပေါ့ဗျာ၊ အမြောက်နဲ့ ပစ်တဲ့ အသံတွေတော့ ကြားနေရတာပေါ့ဗျာ။

အဆင်မသင့်တဲ့ အခါတော့ ဗုံးလာကြဲချင် ကြဲမှာပေါ့၊ ဒါပေမယ့် ဒီဟာက နေ့တိုင်းမဖြစ်ဘူး။ စစ်တပ်က နေ့တိုင်း ဒုက္ခပေးမယ်ဆိုတဲ့ ကိစ္စဖြစ်တော့ ကိုယ်ကတော့ စိတ်ပိုင်းဆိုင်ရာကိုတော့ ကိုယ်တိုင်ရော မိသားစုရော ပြင်ထားဖို့ လိုတယ်။ ဒီ စစ်အုပ်စုလက်ထဲတော့ ဘယ်လိုနည်းနဲ့မှ မ၀င်ပါနဲ့။ အရောက်ခံလို့ မရဘူးဆိုတာကိုတော့ ကျတော် တင်ပြထားချင်တယ်။

မေး။ ။ နောက်တစ်ခုပေါ့၊ ILO ဘက်ကရော စစ်ကောင်စီရဲ့ ဒီ ပြည်သူ့စစ်မှုထမ်း ဥပဒေကို လွှတ်တော် မရှိဘဲ အတည် ပြုလိုက်တာနဲ့ ပတ်သတ်ပြီး အရေးယူမှုတွေ ရှိလာနိုင်မလား ။

ဖြေ။ ။ ကျတော်တို့က ILO နဲ့ ပတ်သတ်ပြီး အလုပ်လုပ်တဲ့ သူတွေ ဖြစ်တယ်။ စစ်အုပ်စုက သူ့ကိုယ်သူ လွယ်တယ်လို့ ထင်နေတာ၊ ILO ကနေ အရေးယူလို့ မရအောင် သူတို့က ဥပဒေပြုတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်ဥပဒေကိုယ် ပြုတဲ့ကိစ္စကို ဘယ်သူမှ အရေးယူလို့ မရဘူးကွဆိုတဲ့ သူတို့ရဲ့ အင်မတန် ထုံထိုင်းသော အင်မတန် ညံ့ဖျင်းသော အကြံပေးတွေ ပေးတဲ့ ကိစ္စကို လိုက်လုပ်တယ်လို့ပဲ ထင်ပါတယ်။

ဒါကြောင့်မလို့ မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ခပ်ညံ့ညံ့၊ အကြံပေးတဲ့ သူတွေကလည်း ခပ်ညံ့ညံ့ဆိုတော့ အဲ့ဒီလို ဖြစ်ကုန်တာပါ။ မရပါဘူးခင်မျာ ၊ ရုရှားနိုင်ငံကို အတုယူပြီး လုပ်တဲ့ ကိစ္စမျိုးက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျတော်တို့က ဒီမိုကရေစီကို လိုလားတယ်။ လိုလားတဲ့ အပြင်ကို လူငယ်အားလုံးက နွေဦးတော်လှန်ရေးမှာ လက်တွေ့ကို တိုက်ပွဲအတွင်းမှာ အရင်တုန်းက နှလုံးသားနဲ့ တိုက်တဲ့ တိုက်ပွဲ၊ နောက်တစ်ခါ လမ်းပေါ်ထွက်ပြီး တိုက်တဲ့ တိုက်ပွဲ အခု လက်နက်ကိုင်ပြီး တိုက်တဲ့ တိုက်ပွဲတွေ အားလုံးမှာ တောက်လျှောက် အနိုင်ရခဲ့ဖူးတယ်။ အနိုင်ရနေတဲ့ လူငယ်တွေ ဖြစ်တဲ့ အတွက် ကြောင့် မင်းအောင်လှိုင် ဘယ်လိုနည်းနဲ့မှ မနိုင်နိုင်ဘူး။

ဒါကတော့ ရှုံးနေပြီ၊ မြောက်ပိုင်းမှာလည်း နယ်မြေရှုံးတဲ့ အခါမှာ အခု သူက နိုင်ငံကို ဖျက်ဖို့ ကြိုးစားတာ၊ နိုင်ငံကို မီးလောင်တိုက်သွင်းနေတာ အဲ့ဒါကို လက်ခံလို့ မရဘူး။ ကျတော်တို့က ထွက်ရမယ်။ လူငယ်တွေက ပြင်ဆင်ထားဖို့ လိုမယ်။

အဲ့ဒါတွေ အားလုံးကိုတော့ ILOကို ကျတော်တို့က ဆွေးနွေးနေတယ်။ ဆွေးနွေးပြီးတဲ့နောက် ဒီ နိုင်ငံကို ဖျက်နေတဲ့ ဆိုတဲ့ ကိစ္စပေါ့၊ စစ်တပ်ထုတ်လိုက်တဲ့ ဥပဒေက သူတို့ ထုတ်လိုက်တာပဲ ရှိတယ်။ လွှတ်တော်လည်း မရ။ဘယ်သူမှလည်း အတည်မပြုဘူး။ မင်းအောင်လှိုင် အစည်းအဝေး ထိုင်ပြီး လုပ်တဲ့ ကိစ္စက တရားမဝင်ဘူး။ သူသည် တရားမဝင် အာဏာလုထားတဲ့ အုပ်စုဖြစ်တယ်။ အဲ့ဒီအပြင် အဲ့ဒီအုပ်စုက ထုတ်တဲ့ ဥပဒေကလည်း တရားမဝင်ဘူး။ ကျတော်တို့က အတတ်နိုင်ဆုံး အရေးယူနိုင်ဖို့ ကြိုးစားပါမယ်။ 

အခု မကြာသေးခင်ကပဲ ILO ရဲ့ အဓမ္မလုပ်အားပေးနဲ့ ပတ်သတ်လို့ ကျူးလွန်မှု ၊ နောက်တစ်ခါ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုကို ပိတ်ပင်တာနဲ့ ပတ်သတ်လို့ မင်းအောင်လှိုင်တို့ အဖွဲ့ကို ဒီဇင်ဘာမှာ အကြောင်းပြန်ဖို့ ပြောထားပါတယ် ။ သတင်း ပြန်မပို့ပါဘူး။ သူတို့သည် ဂရုမစိုက်ဘူးပေါ့နော်၊ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ အနေအထားရှိတဲ့ အတွက်ကြောင့် အခုလာမယ့် မတ်လမှာ ဆွေးနွေးကြမယ့်ထဲမှာ ဒီအကြောင်းအရာလည်းပါပါတယ်။

ဘာဆိုင်လည်းကွ ငါတို့က ငါတို့နိုင်ငံ ဥပဒေ ငါတို့ ပြုတယ်ဆိုတာ ဆိုင်ပါတယ်ခင်မျာ၊ လူကြားထဲ တိုးချင်ရင် လူကြားထဲ ဝင်ချင်ရင်တော့ လူလို ကျင့်ကြံရမယ်ခင်ဗျ၊ အဲ့ဒီ ကိစ္စ အရမ်း အရေးကြီးပါတယ် ။ ဒါကြောင့်မလို့ ငါတို့ လုပ်ချင်ရာ လုပ်မယ်ဆိုရင် မရပါဘူး။ အဲ့ဒီခေတ် မဟုတ်တော့ပါဘူး။ လူငယ်တွေ တိုးတက်ပြောင်းလဲ လာပြီ၊ လူငယ်တွေကို သွားပြီး ဖိလိုက်တာက ပြန်ပြီးတော့ ပိုဆိုးလာပါလိမ့်မယ်။ ဒါပေမယ့် လူငယ်တွေကလည်း ပြင်ဆင်ထားရမယ်ဆိုတာ ထပ်ပြီးတော့ ကျတော် ​ပြောချင်ပါတယ်။

ဟုတ်ကဲ့ ဖြေကြားပေးလို့ MPA က ကျေးဇူးတင်ရှိပါတယ်။

Tags: militaryMPAMyanmarNewsSAC
Advertisement Advertisement Advertisement
ADVERTISEMENT
MPA CJ009

MPA CJ009

ဆက်စပ် သတင်းများ

စီးပွားရေး

ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

May 15, 2025
ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

By Nway / MPA ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဝက်ထီးကန်တိုက်နယ်၊ ပျဥ်းမအိုင်ရွာ နေ အသက် ၃၀...

Read more
by MPA
0 Comments
သတင်း

ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

May 15, 2025
ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

By Hlaing / MPA ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သုံးရက်ဆက်တိုက် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၀ကျော်ထိရှိလာကြောင်း သိရသည်။ ယနေ့(မေ ၁၅ရက်)၊ မွန်းလွဲ နှစ်နာရီခန့်က စစ်ကောင်စီသည်...

Read more
by MPA
0 Comments
နိုင်ငံရေး

စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

May 15, 2025
စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

By Mg Dagon / MPA တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးပေါ် မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေခြင်းနှင့် စစ်ကောင်စီအပေါ် စစ်ရေးအထောက်အပံ့ပေးနေခြင်းတို့သည် လွဲမှားသည့်လောင်းကြေးထပ်မှုတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြောဆိုလိုက်သည်။ လက်ရှိတရုတ်၏ လုပ်ရပ်များသည် စစ်ကောင်စီကို မကယ်နိုင်သည့်အပြင်...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

May 15, 2025
ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

By Bala / MPA ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ၁၄ရက်)၊ ည ရှစ်နာရီ...

Read more
by MPA
0 Comments
ပညာရေး

ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

May 15, 2025
ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

By Hsu Yee/MPA မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တွင် ညအချိန်၌ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။ မေလ ၁၄ ရက်၊ည ၁၁ နာရီကျော်တွင်ဂန့်ဂေါမြို့အနီးရှိ လာပို့ရွာ ‌စာသင်ကျောင်းကို လေကြောင်း...

Read more
by MPA
0 Comments
စစ်ရေး

ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

May 15, 2025
ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

By Nway / MPA စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသားတစ်ယောက်ကို ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်ကာ လူငယ်၂၀ အား ဖမ်းဆီးသွားကြောင်း သိရသည်။ မေလ ၁၃ရက်၊ ည ၈နာရီ...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

May 7, 2025
ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဗုံးခိုကျင်းမတူးသည့်နေအိမ်များကို ဒဏ်ကြေးအဖြစ် ကျပ်ငါးသိန်းကောက်ခံမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ဒုတိယအပတ်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူများအား သက်ဆိုင်ရာ ရွာအလိုက် လူထုတွေ့ဆုံပညာပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် မတ်လ...

Read more
by MPA
0 Comments
နိုင်ငံရေး

ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

May 7, 2025
ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

By Mg Dagon / MPA ရုရှားနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် Iskander Azizov က ပြောကြားလိုက်သည်။...

Read more
by MPA
0 Comments
စစ်ရေး

ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

May 7, 2025
ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

By Bala / MPA ကရင်နီပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ခြောက်ရက်) ၊ ည ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီက...

Read more
by MPA
0 Comments
စစ်ရေး

ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

May 7, 2025
ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

By Ra Wai / MPA တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်တွင် ဆိုင်ထိုင် အရက်သောက်နေသော ပျူစောထီးသုံးဦးကို PDF တို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။ ‌မေလ ခြောက်ရက်၊ ညနေ ငါးနာရီခွဲခန့်တွင် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်ရှိ...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In