မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းစခန်းကို ဒေသခံPDF တို့ကဝင်ရောက် စီးနင်း မီးရှို့ ခဲ့ရာ ပျူစောထီး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်၊မွန်းလွဲ ၃ နာရီ ၀န်းကျင်၌ ပေါက်မြို့နယ်တောင်ပိုင်း၊ သစ်ချိုကုန်းပျူစောထီးရွာ၏ အရှေ့ဘက် ရှိ ဒေသအခေါ် ပဲကြီးတောင်ပေါ်ရှိ ကင်း စခန်းကို နာရီ၀က်ခန့် ကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပေါက်တောင်ပိုင်းပကဖ ထံက သည်။
အဆိုပါကင်းစခန်း၌ ပျူစောထီး ၁၀ ဦး ပုံမှန် ကင်း စောင့် လျက် ရှိရာ ပျူစောထီးများ အားလုံး ရွာဘက်သို့ ထွက်ပြေး ဆုတ်ခွာသွားကြကြောင်း သိရသည်။
“ တစ်ယောက် က သေနတ် ဒဏ်ရာနဲ့ အရှင်မိတာပါ ။တင်ပါးမှာ မှန်တာ။ ဒါကို သူတို့ ပျူတွေကလည်း ထားခဲ့ကြတာပေါ့။ကျနော်တို့ ဆေးကုသ ပေးခဲ့ပါတယ်။ဒါပေမဲ့၊ သွေးထွက်လွန်ပြီး ဒီနေ့ (ဖေဖော်ဝါရီ ၁၄ရက်) မနက်အစောပိုင်းမှာ သေသွားခဲ့ပါတယ် “ ဟု ပေါက်တောင်ပိုင်း ပကဖ (ဗိုလ်ကျီးကန်း ) အဖွဲ့ ခေါင်းဆောင် ရဲဘော် ကျီးကန်းက MPA သို့ ပြောသည်။
သေဆုံးသွားသူမှာ သစ်ချိုကုန်း ရွာမှ ပျူစောထီး အဖွဲ့၀င် သန်းရှိန်(အသက်၄၀) ဖြစ်ကြောင်း သိရသည်။
“ ကျတော်တို့ ကင်းကုန်းကို သိမ်းပြီး ဘန်ကာတွေ၊ တဲတွေကို မီးရှို့ ဖျက်ဆီး နိုင်လိုက်တယ်။အားလုံး ပြီးစီး ပြီး ကိုယ့်ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု ၎င်း က ဆက်လက်ပြောသည်။
သစ်ချိုကုန်း ပျူစောထီး ရွာမှ ပဲကြီးတောင် ကင်း ကုန်းသို့ နာရီဝက်ခန့် ခြေလျင်လာလျှင်ပင် ရောက်သော်လည်း PDF ရဲဘော်များ ဘေးကင်းရာနေရာသို့ရောက်မှသာ စစ်ကူရောက်လာကြောင်း သိရသည်။
ဒဏ်ရာရ ပျူစောထီး ၃ ဦးထဲမှ တစ်ဦးမှာ လက်ကျိုးသွားကာ နောက် ၁ဦးမှာ ရင်ဘတ် ကျည်မှန်ကာ ကျည် မထုတ်နိုင်သေးကြောင်း သတင်းပေးတို့ထံက သိရသည်ဟု တိုက်ပွဲဝင် PDF ရဲဘော် တစ်ဦးကဆိုသည်။
“ အဲက ပစ်ကြ ခတ်ကြ တိုက်ပွဲ ဖြစ်တော့ တပ်ကူ မလာခင် ကပစ -၂၄က လက်နက်ကြီး လှမ်းပစ်တယ်။ သစ်ချိုကုန်း ပတ်လည်ကို ထုပေးတာပေါ့။ သီးခြောက် ရွာထဲ ကို ကျပြီး ပြည်သူ တစ်ဦး ဒဏ်ရာ ရသွားတယ်။အရမ်း တော့ မစိုးရိမ်ရပါဘူး” ဟု ပေါက်တောင်ပိုင်း ဒေသခံ တစ်ဦးက ပြောသည်။
ပဲကြီးတောင်ကင်းစခန်း တိုက်ခိုက်မှုကို ပေါက်တောင်ပိုင်း ပကဖ ကျီးကန်းတပ်ဖွဲ့၊ပေါက်မြို့နယ် ပ.က.ဖ၊DKTF(PAUK)၊BRAF droneအဖွဲ့ အပါအ၀င် နယ်မြေခံ ပကဖ များ ပူးပေါင်းဆင်နွှဲ ခဲ့ခြင်း ဖြစ်သည်။
သစ်ချိုကုန်း ပျူစောထီး ရွာ၌ ပျူစောထီး အင်အား ၅၀ ကျော် ရှိကာ ရိက္ခာနှင့် စက်သုံးဆီ ပြတ်လပ် နေပြီဖြစ်ကြောင်း သိရသည်။
ပျူစောထီးတို့ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။