ယခုနှစ်အတွင်း မွန်ပြည်နယ်၌ စစ်ကောင်စီတပ်ကို တိုက်စစ်ဆင်သွားမည်ဖြစ်ကြောင်း ရေးဘီလူး တပ်ဖွဲ့ထံက သည်။
ယခုနှစ်အတွင်း ရေးမြို့ပြင်ရှိ ကင်းစခန်းများကို တိုက်ခိုက်နိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုလုပ်ငန်းများ လုပ်ဆောင်လာနိုင်ကြောင်း ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင် ရေးဘီလူးက ပြောသည်။
“ အချိန်မရွေး ကျွန်တော်တို့ တိုက်စစ်ဆင်သွားမှာဖြစ်လို့ဘာမှအားမငယ်နဲ့။ ကျွန်တော်တို့မြို့တွေကို အကောင်းဆုံးထိန်းသိမ်းနိုင်မယ်လို့ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်အတွင်း ပူးတွဲစစ်ဆင်ရေးများ အတူတကွ ဖော်ဆောင်ပါက အောင်မြင်မှုပန်းတိုင်ကို အမြန်ရောက်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“ မွန်ပြည်နယ်အတွင်းမှာတော့ စစ်ရေးပြင်ဆင်မှုတွေနဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ဆင်ရေး တွေပြုလုပ်လျက်ရှိပါတယ်။ ဒီနှစ်ထဲမှာ အကောင်းဆုံးလုပ်ဆောင်သွားဖို့ရှိ ပါ တယ်။ စစ်ရေးမို့ အသိပေးချိန်တန်တဲ့အခါ အသိပေးပါမယ်” ဟု နိုင်နဂါးက ပြောသည်။
မွန်ပြည်နယ်အတွင်း မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ အချိန်မရွေး တိုက်စစ်ဆင်သွားမည်ဖြစ် သဖြင့် ဒေသခံပြည်သူများအနေဖြင့် ပျော်ပွဲရွှင်ပွဲများ၌ တတ်နိုင်သလောက်မပါဝင်ဘဲ တော်လှန်ရေးရဲဘော်များအား စာနာပေးစေလိုကြောင်း ရေးဘီလူးက ပြောသည်။
“ အပျော်အပါးလေးတွေပြန်တွေ့နေရတယ်။နောက်ပိုင်းနည်းနည်းလေးစိပ်လာတယ်။ပွဲတော်တွေပြန်ပြုလုပ်တာမျိုးပေါ့။နောက်တခုက ကျွန်တော်တို့ကိုယ်တိုင် ဒီအချိန်မျိုးမှာဒါမျိုးတွေမပြုလုပ်သင့် တဲ့အပျော်အပါးလေးတွေ၊လပြည့် ၊လကွယ်အပျော်အပါးလေးတွေ တွေ့နေရတယ်။ ကျွန်တော်တို့ဘက်ကို စာနာပြီးတော့နည်းနည်းလေးရှောင်ပေးကြပါ” ဟု ၎င်းက မေတ္တာရပ်ခံသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို မြေပြင်ရော ဝေဟင်ကပါ တိုက်ခိုက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံက စုံစမ်းသိရသည်။





