ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို ယမန်နှစ်(၂၀၂၃ခုနှစ်)၊ ဒီဇင်ဘာ ၈ ရက်တွင် TNLA က စစ်ကောင်စီထံမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကွတ်ခိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် TNLA က နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီ လျို့ဝှက်စွာ သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် ကွတ်မြို့ အဝင်၊ အထွက်နှင့် မြို့တွင်း၌ TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာလျက်ရှိပြီး၊ စစ်ဆေးမေး မြန်းမှုများ ပြုလုပ်လျက်ရှိသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲသည့် အချိန်မှ စတင်ကာ TNLA သည် တအာင်း(ပလောင်)ဒေသဖြစ်သည့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကွတ်ခိုင်မြို့ကို ဒီဇင်ဘာ ၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ၊ လက်ရှိ ကွတ်ခိုင်မြို့တွင်း အခြေအနေများနှင့် ပတ်သက်ပြီး ဖော်ပြလိုက်ပါသည်။