ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Non CDM ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများအနေဖြင့် အလင်းဝင်ရောက်ရန် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။
“ အခုလိုအချိန်အခါက သိတဲ့အတိုင်း မြို့တိုင်းတိုက်ပွဲတွေက ရှိလာပြီလေ မြို့တိုင်းလိုလိုမှာ CDM ဝင်ဖို့ တိုက်တွန်း နေတာ တွေတွေ့တယ်။ ကျတော်ဆို ဝင်ခြင်နေတာကြာပါပြီ၊ ဘယ်လိုဆက်သွယ်ပြီး ဘယ်လိုဝင်ရမှန်းလဲမသိ၊ဘယ်သူ မှ ယုံလို့မရတဲ့အချိန်မှာ ဘယ်သူမှလည်း မပြောဖြစ်ဘူး။ အခုမှ ရွှေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရအဖွဲ့က ထုတ်ပြန် ချက်တင်တာတွေ့တွေ့ချင်း ဆက်သွယ်ပြီး CDMဝင်ဖို့လုပ်လိုက်ပါတယ်” ဟု ရွှေပြည်သာမြို့နေ CDM ဝင်ရန်ကြိုးစား နေသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ယခုကဲ့သို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ CDM ပြုလုပ်ရန် ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ရွှေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ CDM ပြုလုပ်ရန် ဆက်သွယ်လာမှုများရှိကြောင်း ဆက်သွယ်ရေး တာဝန်ခံက ဆိုသည်။
“ ကျတော်တို့ဘက်က ထုတ်ပြန်ချက် ထုတ်ပြီး ၂၄နာရီ မပြည့်ခင်မှာဘဲ ဆက်သွယ်လာတဲ့သူ အချို့ရှိပါတယ် ခင်ဗျာ။အခုလို ဆက်သွယ်လာတဲ့သူတွေကိုလည်း ကျတော်တို့ သေသေချာချာ မှတ်တမ်းတင်ပြီး ဆောင်ရွက်ပေးနေတာ ရှိပါတယ်” ဟု ရွှေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံက ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများအနေဖြင့် အလင်းဝင်ရောက်ချင်ပါကလည်း ယုံယုံကြည်ကြည် ဖြင့် ဆက်သွယ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလင်းဝင်ရောက်ထားခြင်းမရှိသည့် Non CDM ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများအနေဖြင့် ရွှေ ပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အကာအကွယ်ကို ရရှိနိုင်မည်မဟုတ်ဘဲ CDMမူဝါဒအရလည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရလည်းကောင်း၊ ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု ရွှေပြည်သာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။