မန္တလေးရှိမြတောင်ကျောင်းတိုက်ကိုဇူလိုင်လ၂၉ရက်နေ့ညနေပိုင်းတွင်စစ်တပ်မှအင်အားအလုံးအရင်းဖြင့်ဝင်ရောက်ပြီးစုံစမ်းမှုများပြုလုပ်နေကြောင်းသိရသည်။
“သပိတ်ကြောင့်မို့လို့ဝင်စစ်တာထင်ပါတယ်။ ဆရာတော်တွေမထွက်ပေမယ့်လည်း နာမည်ကြီးကလည်း မြတောင်နာမည်နဲ့ထွက်တာဆိုတော့လေ။ အဲ့တာကြောင့်လည်းဖြစ်နိုင်တယ်။ ”ဟု မြတောင်ကျောင်းတိုက်အနီးမှ ဆရာတော်တစ်ပါးတစ်ကMPAသို့မိန့်ကြားသည်။
ဒေသခံတစ်ဦး၏ပြောပြချက်အရ မြတောင်ကျောင်းတိုက်သို့သွားရောက်သည့်လမ်းတလျှောက်လုံးတွင် လက်နက်အပြည့်ဖြင့် လုံခြုံရေးများချထားသည်မှာ အချိန်ကာလကြာမြင့်ပြီဖြစ်ပြီး မြတောင်ဆရာတော်များအနေဖြင့် သပိတ်မထွက်သည်မှာ ကြာပြီဖြစ်ကြောင်းသိရသည်။
မြတောင်သပိတ်စစ်ကြောင်းသည် မန္တလေးလူထုများပါဝင်သော အားကောင်းမောင်းသန်သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပြီး ဇူလိုင်၂၇ရက်နေ့တွင် စစ်တပ်၏ဖြိုခွင်းမှုကြောင့် ဆန္ဒပြလူငယ်တစ်ဦးသေဆုံးခဲ့ရသည်။
Photo- CJ(ယခင်ကရိုက်ကူးထားသောပုံဖြစ်ပါသည်။)