ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက် စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ကိုစောဦးသည် ဇူ လိုင်လ ၂၈ရက် ယနေ့မနက် ၉ နာရီခန့်တွင်သေနတ်နှင့်ပစ်သတ်ခံခဲ့ရကြောင်း သတင်း ရရှိသည်။
အဆိုပါရာအိမ်မှူးကိုစောဦးသည် ယနေ့မနက်ပိုင်း တွင် ၄င်း၏နေအိမ်ရှေ့တွင် ရှိနေစဉ်အမည်မသိလူများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒီမနက် ၉ နာရီလောက်က လာပစ်သွားတာ။ ၂ ချက်ပစ်သွားတယ်။ သူက အဲ့ရပ်ကွက်ထဲ ဒလန်လို့တော့ သတင်းထွက်နေတာဘဲ။” ဟု အဆိုပါရပ်ကွက်တွင်နေထိုင်သည့် မျက်မြင်တွေ့ရှိသူ တဦးက MPAသို့ပြောသည်။ ပစ်ခတ်ခံခဲ့ရသည့် ကိုစောဦးသည် သေနတ်ဒဏ်ရာဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ထောက်တိုင် များအဖြစ်ရပ်တည်လုပ်ဆောင်နေသော ရပ်/ ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သတင်းပေး ဒ လန်များ၊ ပျူစောထီးများ စုစုပေါင်း ၈၀ခန့်ထိ သတ်ဖြတ်ခံထားရကြောင်း သိရသည်။