နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကော့ကရိတ်မြို့တွင် ယနေ့၊ နံနက်အစောပိုင်းတွင်စတင်ဖြစ် ပွားခဲ့သည့် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ပေါ်ရှိလမ်းမပေါ်တွင် တွေ့ရှိသူမှန်သမျှကို စစ်ကောင်စီလက် အောက်ခံရဲစခန်းအတွင်းက လိုက်လံပစ်ခတ်နေကြောင်း မြို့ခံပြည်သူများကဆိုသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒီဇင်ဘာ ၁ ရက်၊ နံနက် ၄ နာရီအချိန်မှစတင်၍ တော်လှန်ရေးအင် အားစုများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းအသုံးပြု၍ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေကြောင်း ကော့ကရိတ်မြို့ တွင်နေထိုင်သူတစ်ဦးကဆိုသည်။
“ကော့ကရိတ်စခန်းအရှေ့ကနေ လူငယ်တစ်ယောက်ဖြတ်သွားမိလို့ သူတို့(စစ်ကောင်စီ)စခန်းထဲကနေ သေနတ်နဲ့ဇွတ်ပြစ်တာ။ ကံကောင်းလို့ လွတ်သွားတယ်ပြောတယ်။ တစ်မြို့လုံးနီးပါးကတော့ စစ်ရှောင် နေကြတာဆိုတော့ အိမ်စောင့်သဘောမျိုးကျန်ခဲ့တဲ့ လူအနည်းအကျဉ်းပဲရှိတယ်”ဟု ၎င်းကဆိုသည်။
တိုက်ပွဲအခြေအနေများကြောင့် ကော့ကရိတ်၊ လှိုင်ဝ၊ အာရှလမ်းမများပေါ်တွင် ကုန်တင်ယာဉ်များ၊ ခရီး သည်တင်ယာဉ်များ ပိတ်ဆို့နေပြီး ကော့ကရိတ်မြို့ပေါ်တွင် ပိတ်မိနေသူများလည်းရှိကြောင်း သိရသည်။
“တိုက်ပွဲဖြစ်နေတော့ ရှိနေတဲ့လူတွေ ဘယ်မှထွက်လို့မရတော့ဘူး။ ပိတ်မိနေတယ်ဆိုတာကလည်း ကိုယ့်အိမ်မှာပဲကိုယ်နေရမယ့်အနေအထားပေါ့။ စည်ပင်ရုံးနားမှာလည်း ပိတ်မိနေတဲ့သူတွေရှိတယ်”ဟု လက်ရှိကော့ကရိတ်မြို့ပေါ်တွင် ပိတ်မိနေသူတစ်ဦးကဆိုသည်။
အာရှလမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင်အားစုများက အသာစီးရယူသိမ်းပိုက် ထားနိုင်ပြီး စစ်ကောင်စီဘက်က အလံဖြူထောင်၍ လက်နက်ချအညံ့ခံသူများလည်းရှိကြောင်း မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။
“ ညက လေယာဉ်နဲ့ ၄ ခါလာကြဲတယ်။ ဒီမနက်ပိုင်း ပုဇဉ်းနဲ့လာပစ်တာတော့ ၂ ခါရှိပြီ။ မနက် ၄ နာရီ လောက်ကစပြီး လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက်ထုနေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း ကော့ကရိတ်မြို့အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ် ကောင်စီတပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ရှိ စရဖရုံးနှင့် ရဲ သတင်းတပ်ဖွဲ့ရုံးများ မီးလောင်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ ကြောင်း သိရသည်။