” အဲ့ဒီည ၁၁ နာရီလောက်ကြီး စစ်ကား သုံး စီး လူ အပြည့်ပဲ။ ရွာကိုဝိုင်းထားတာ။ ရွာထဲဝင်လာတဲ့အဖွဲ့က သေနတ်တွေနဲ့ချိန်ပြီး ရွာအလယ်လမ်းမှာအကုန်စုပြီးထိုင်ခိုင်း ထားတာ။ ပြီးတော့တစ်ယောက်ချင်း စစ်မေးတယ်။ ပြီးတော့ လူငယ် သုံး ယောက်ကိုဖမ်းတယ်။ သူတို့ကို ဆန့်ကျင်တဲ့အဖွဲ့ကလို့တော့ပြောတယ်။ ဘာတွေလုပ်လို့ဖမ်းတယ် ဆိုတာ ကျွန်တော်တို့လည်း သေချာတော့ မသိဘူး။ အဲ့ဒီ သုံးယောက်ဖမ်းပြီးတော့ လူငယ်တစ်ယောက်ရဲ့အဖေကိုပါ ခေါ်ခဲ့ဆိုပြီး ဖမ်းသွားတာ။ ” ဟု ဒေသခံရွာသားတစ်ဦးက MPAသို့ပြော သည်။
ဖမ်းဆီးခံခဲ့ရသည့် လူငယ်များအား မည်သည့် နေရာသို့ဖမ်းဆီးသွားသည်အား မသိရသေးကြောင်းနှင့် ၎င်းတို့၏ မိသားစုများမှ အဆက် အသွယ်ရရှိရန် ကြိုးစားသော်လည်း ယနေ့ထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။
” အစက ဒီချင်းကုန်းရွာ တိုင်းဗဟိုတပ်မှာလို့လည်းသိရတယ်။ နောက်ကျ ရန်ကုန်စစ်ကြော ရေးကိုခေါ်သွားတယ်လို့လည်းပြောတယ်။ ခုထိကို ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။” ဟု ဖမ်းဆီးခံခဲ့ရသည့် လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များအနေဖြင့် ဒေသအသီးသီးရှိ ကျေးရွာ/ရပ်ကွက်များသို့ PDFများ အကြောင်း ပြကာ ဥပဒေမဲ့ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်နေပြီး ဖမ်းဆီးခံထားရသူ ၉၀၀၀ ကျော်ထိ ရှိနေပြီဖြစ်သည်။
#တိုက်ကြီး #လူငယ် ၃ ဦး #ဖမ်းဆီးခံရ #စစ်ကောင်စီ #MPA
SAC Arrests Young Villagers in Taik Gyi Township
24 July 2021 By MPA
It has been reported that the SAC military forces raided Tha Pyu village in Yangon’s Taik Gyi township on July 21 at about 11pm and arrested a father and a son and two young men.
They were raided with 100 military forces accusing them of involvement in activities against the SAC military.
“That night, at about 11pm. Three military trucks arrived full of soldiers. They seized the village. They came inside the village, had the people gather on the street and interrogated each one. Then, they arrested three young men saying they were involved in a resistance group against them. We don’t know for what activities they were arrested. They arrested three and had one of them call his father too,” said a local villager to MPA.
Nothing has been known about where they are being kept and family members are still not able to contact them.
“First, we heard they were at Chin Kon village and next at the Yangon military interrogation. We have no idea where they are detained now,” said a family member of one of them.
In different areas (villages), more than 9000 have been lawlessly arrested by the military accusing them of connecting with the PDF.
#TaikGyi #Youths #Arrested #SAC #MPA