• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
6 Dec 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

29 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

စက်သုံးဆီဝယ်ယူရန် အုပ်ချုပ်ရေးမှူးများကိုငွေပေး၍ ထောက်ခံစာပြုလုပ်နေရ

MPA CJ002 by MPA CJ002
Nov 20, 2023
in သတင်း
0
0
စက်သုံးဆီဝယ်ယူရန် အုပ်ချုပ်ရေးမှူးများကိုငွေပေး၍ ထောက်ခံစာပြုလုပ်နေရ

Photo - ပေးပို့ (ပုံစာ - အုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် စက်သုံးဆီဝယ်ယူနေကြသည်ကိုတွေ့ရစဉ်)

Share on FacebookShare on Twitter

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်သုံးဆီဝယ်ယူရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေး မှူးများကို ငွေပေး၍ ထောက်ခံစာပြုလုပ်နေရကြောင်း ဒေသခံများကဆိုသည်။

စက်သုံးဆီအရောင်းဆိုင်များ၌ လယ်ယာစိုက်ပျိုးရန်စက်သုံးဆီသွားရောက်ဝယ်ယူရာတွင် သက်ဆိုင် ရာအုပ်ချုပ်ရေးမှူး လက်မှတ်ပါရှိမှသာ ရောင်းချပေးသဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပြုလုပ်ရပြီး ထို သို့ထောက်ခံစာပြုလုပ်ရာတွင်လည်း အခကြေးငွေပေးဆောင်နေရကြောင်း မိုးညိုမြို့နယ်အတွင်းရှိ တောင်သူတစ်ဦးကဆိုသည်။

“အုပ်ကြီး(အုပ်ချုပ်ရေးမှူး)ထောက်ခံစာမပါရင် ၃ ဂါလံလောက်တောင်ဆိုင်တွေမှာဝယ်လို့မရဘူး။ ထောက်ခံစာပါရင်တော့ အများဆုံး ၁၀ ဂါလံလောက်ရတယ်။ အဲ့ဒီလိုထောက်ခံစာရဖို့အတွက် သူတို့ (အုပ်ချုပ်ရေးမှူး)ကို လက်ဆောင်ပေးရတာမျိုးတို့၊ တစ်ချို့ကျတော့လည်း ၂ သောင်း၊ ၃ သောင်းပေးရ တယ်”ဟု ၎င်းကဆိုသည်။

တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်အတွင်း အသုံးပြုသည့် စက်သုံးဆီပမာဏမှာ တစ်ရက် လျှင် ဂါလံ ၂၀ ခန့်ကုန်ပြီး စက်သုံးဆီပီပါလိုက် ဝယ်ယူမည်ဆိုပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွား ရောက်ကာ ထောက်ခံစာပြုလုပ်ရကြောင်း သာယာဝတီမြို့နယ်အတွင်းရှိ စပါးရိတ်၊ ချွေစက်ပိုင်ရှင်တစ် ဦးကဆိုသည်။

“တစ်နေ့ကို ၁၀ ဂါလံလောက်နဲ့က လုပ်ငန်းလည်ပတ်လို့မရဘူး။ ဆီရှိရင်မောင်းမယ်၊ မရှိရင်ရပ်ထားရ တာ။ ထောက်ခံစာလုပ်ရင် ပိုက်ဆံမပေးတဲ့သူမျိုးတွေ၊ သူတို့(အုပ်ချုပ်ရေးမှူး)အမြင်မကြည်တဲ့သူတွေဆို မလုပ်ပေးဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာတောင် သူတို့(အုပ်ချုပ်ရေးမှူး)ထောက်ခံပေးဖို့ လိုက်ဖား ယားပြီးပြောနေရတာ အဆင်မပြေဘူး” ဟု ၎င်းကဆိုသည်။

ယခုကာလသည် ဆောင်းသီးနှံစိုက်ပျိုးသည့်ကာလဖြစ်ပြီး စက်သုံးဆီအခက်အခဲကြောင့် လယ်ယာမြေ များထွန်ယက်ရန် လယ်ထွန်စက်ငှားရမ်းရာတွင် အလွယ်တကူမရရှိသဖြင့် သီးနှံစိုက်ပျိုးမှုနောက်ကျနေ ကြောင်း လက်ပံတန်းမြို့နယ်အတွင်းရှိ တောင်သူအမျိုးသမီးတစ်ဦးကဆိုသည်။

“လယ်သမားတိုင်း အချိန်အခါအမှီစိုက်ချင်ကြတာ။ အခု ထွန်စက်တွေက ငှားမရဘူး။ ဆီကုန်နေတယ် ပြောတာနဲ့၊ ဆီသွားဝယ်နေလို့ ရောက်လာရင်မောင်းပေးမယ်ပြောတာနဲ့၊ ဆီရှိတဲ့စက်တွေကျတော့လည်း သူ့ရက်ချိန်းနဲ့သူပြည့်နေတာ” ဟု ၎င်းကပြောသည်။

သာယာဝတီခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ပြီး စက်သုံးဆီ များပြတ်လပ်နေသည်ဟုဆိုကာ အနည်းငယ်သာရောင်းချပေးသဖြင့် မှောင်ခိုဈေးကွက်တွင် ဈေးကြီးပေး ၍ ဝယ်ယူနေရကြောင်း ဒေသခံများကဆိုသည်။

Tags: militaryMPAMyanmarNewsSAC
Advertisement Advertisement Advertisement
ADVERTISEMENT
MPA CJ002

MPA CJ002

ဆက်စပ် သတင်းများ

သတင်း

ညောင်ပင်ဝန်းရွာအနီးရှိ ပြည်သူ ၂ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး၊ ၅ဦးအားဖမ်းဆီး

Dec 6, 2023
ညောင်ပင်ဝန်းရွာအနီးရှိ ပြည်သူ ၂ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး၊ ၅ဦးအားဖမ်းဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး ပြီးခဲ့သည့် ဒီဇင်ဘာ ၃ရက်က စစ်ကောင်စီတပ်သည် ခရီးသွား ပြည်သူ၂ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ၊ ဒေသခံပြည်သူ ၅ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ " ၃ရက်နေ့ မနက်ခင်းက...

Read more
by MPA CJ003
0 Comments
စစ်ရေး

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မုန်းမြို့ကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် စစ်ကောင်စီတပ် အဆက်မပြတ်တိုက်ခိုက်

Dec 5, 2023
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မုန်းမြို့ကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် စစ်ကောင်စီတပ် အဆက်မပြတ်တိုက်ခိုက်

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသောပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီးတို့ဖြင့် အဆက်မပြတ် တိုက်ခိုက်နေကြောင်း သိရသည်။ ယနေ့(ဒီဇင်ဘာ၅ရက်) နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်က လေကြောင်းရော လက်နက်ကြီးဖြင့်ပါ အဆက်မပြတ် ပစ်ခတ်နေပြီး အနီးဝန်းကျင်ရှိ ကျေးရွာများသို့ပါ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင်များလည်း...

Read more
by MPA CJ023
0 Comments
သတင်း

ရန်ကုန်၌ စက်သုံးဆီ ဝယ်ရခက်နေပြီး ဆီဆိုင်အများစု ဆီပြတ်နေဟုဆို

Dec 5, 2023
ရန်ကုန်၌ စက်သုံးဆီ ဝယ်ရခက်နေပြီး ဆီဆိုင်အများစု ဆီပြတ်နေဟုဆို

ရန်ကုန်မြို့၌ ယနေ့( ဒီဇင်ဘာ ၅ ရက်) တစ်နေ့လုံး စက်သုံးဆီ ဝယ်ရခက်နေခဲ့ပြီး စက်သုံးဆီဆိုင် အများစုတွင် ဓာတ်ဆီ ပြတ်လပ်နေခဲ့ကြောင်း MPA က စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာ ၄ ရက်)...

Read more
by MPA CJ009
0 Comments
သတင်း

ယင်းမာပင်ရွာသူ ၃ဦး စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ သေဆုံး

Dec 5, 2023
ယင်းမာပင်တွင် မိုင်းကြိုးလာဖြုတ်သည့် စစ်သားများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊သံပိုရွာသူ ၃ဦး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ချင်းတွင်းတံတား အနောက်ဘက်ထိပ်ရှိ ယင်းမာပင်မြို့နယ်၊အောင်ဇေယျမြို့သစ်၊ စစ်မှုထမ်းဟောင်း အိမ်ရာ (ဒေသအခေါ် အကျိုးအကန်းကုန်း)မှ ယနေ့ (ဒီဇင်ဘာ ၅ရက်)ညနေ...

Read more
by MPA CJ004
0 Comments
သတင်း

ပုလဲမြို့နယ်တွင် ပထမဦးဆုံးအဖြစ် ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

Dec 5, 2023
ပုလဲမြို့နယ်တွင် ပထမဦးဆုံးအဖြစ် ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပထမဦးဆုံးအဖြစ် ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ရက်၊ ည ၁၀နာရီခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာမှ ပျုစောထီး အမျိုးသားတစ်ဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)...

Read more
by MPA CJ017
0 Comments
သတင်း

မတ္တရာတွင် စစ်‌တပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရ

Dec 5, 2023
မတ္တရာတွင် စစ်‌တပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပြည်သူ ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း သိရသည် ။ ယမန်နေ့ (ဒီဇင်ဘာ ၄ရက်)၊ ည ၉နာရီ ၅၀မိနစ်ခန့်က မတ္တရာမြို့နယ်...

Read more
by MPA CJ017
0 Comments
စစ်ရေး

“ BPLA ရဲ့ မူဝါဒတွေ နိုင်ငံရေး ရည်မှန်းချက်တွေရှိမယ်။ စစ်ရေးရည်မှန်းချက်တွေ ရှိမယ်။ အဲ့ဒီဟာတွေကို ကျတော်တို့ထုတ်ပြန်ထားတာတွေ ရှိတယ်။ ဒါတွေကို ကျေလည်ပြီးတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် ရဲဘော်တွေကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်”

Dec 5, 2023
“ BPLA ရဲ့ မူဝါဒတွေ နိုင်ငံရေး ရည်မှန်းချက်တွေရှိမယ်။ စစ်ရေးရည်မှန်းချက်တွေ ရှိမယ်။ အဲ့ဒီဟာတွေကို ကျတော်တို့ထုတ်ပြန်ထားတာတွေ ရှိတယ်။ ဒါတွေကို ကျေလည်ပြီးတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် ရဲဘော်တွေကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်”

ကိုလင်းလင်း (BPLA - သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ အပတ်စဉ် (၆) သင်တန်းအတွက် နိုဝင်ဘာလမှစတင်၍ သင်တန်းသားခေါ်ယူနေကြောင်း သိရသည်။ သင်တန်းသားအရေအတွက်ပြည့်မီသည့်အချိန်တွင် သင်တန်းစတင်ပို့ချပေးမည်ဖြစ်ပြီး လူဦးရေကို တပ်ရင်းတစ်ရင်းစာ စုဆောင်းမည်ဖြစ်ကာ သင်တန်းကာလကို ၃...

Read more
by MPA CJ015
0 Comments
သတင်း

ဘီလူးမြို့ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF တပ်ဖွဲ့များ သိမ်းပိုက်

Dec 5, 2023
ဘီလူးမြို့ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF တပ်ဖွဲ့များ သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်း - အင်းတော်ကြီးလမ်းပိုင်း၊ ဘီလူးမြို့ကျေးရွာ၏ အနောက်ဘက် ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် PDF တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (ဒီဇင်ဘာ...

Read more
by MPA CJ001
0 Comments
သတင်း

ပုလဲမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ဆယ်ရက်အတွင်း စစ်သား ၂၀ခန့် သေဆုံးဟုဆို

Dec 5, 2023
ပုလဲမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ဆယ်ရက်အတွင်း စစ်သား ၂၀ခန့် သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၀ခန့်သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) မှ သိရသည်။ "နိုဝင်ဘာ ၂၅မှာ BNRAနဲ့ ပူပေါင်းတပ်ဖွဲ့တွေ ၀င်ရောက်ပြီးတော့ စခန်းသိမ်းခဲ့တဲ့...

Read more
by MPA CJ019
0 Comments
စစ်ရေး

ဆိပ်ဖြူ၊ကန်စွန်းမရဲစခန်းကို ပြည်တော်ဝင်စစ်ဆင်ရေး ဆင်နွှဲ၊စစ်သားနှင့်ရဲ ၇ ဦးသေဆုံးဟုဆို

Dec 5, 2023
ဆိပ်ဖြူ၊ကန်စွန်းမရဲစခန်းကို ပြည်တော်ဝင်စစ်ဆင်ရေး ဆင်နွှဲ၊စစ်သားနှင့်ရဲ ၇ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြည်တော်ဝင်စစ်ဆင်ရေးဆင်နွှဲခဲ့ရာ စစ်သား ၅ ဦးနှင့် ရဲ ၂ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိကြောင်း အမှတ်(၁)စစ်ဒေသ၊မကွေးတိုင်းကွပ်ကဲရေးထံကသိရသည်။ ဒီဇင်ဘာ ၄ ရက်၊နံနက် ၆ နာရီဝန်းကျင်တွင် စစ်သားနှင့်ရဲ အင်အား...

Read more
by MPA CJ023
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (5946) Myanmar (5684) News (5211) military (3161) SAC (2930) PDF (705) Politics (279) Yangon (266) SagaingRegion (194) RakhineState (130) militarycoup (118) Mandalay (111) Magway (107) Covid_19 (103) Pressphoto (86)

Monthly Archive

ဒီဇင်ဘာ လ၊ 2023 ခုနှစ်
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
« Nov    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In