လားရှိုးမြို့တွင် အာဏာသိမ်းစစ်တပ်က မာရှယ်လောကြေညာပြီး လေးရက်အကြာ နိုဝင်ဘာ ၁၉ ရက်အ ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများ ကဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၆ မြို့နယ်နှင့် ကိုးကန့်ဒေသရှိ မြို့နယ် ၂ မြို့နယ်ကို နိုဝင်ဘာ ၁၅ ရက် ကစတင်ပြီး ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခွင့်ပိတ်ပင်ကာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။
“တစ်နေ့ကို နှစ်ယောက်အသတ်ခံရတယ်။ မနေ့ကတစ်ယောက်က ခြံကပြန်အလာ အိမ်ရှေ့ရောက်မှ ပစ် သတ်ခံလိုက်ရတာ” ဟု မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လားရှို့မြို့ပေါ်တွင် ၎င်းတို့သတ်မှတ်ထားသည့်အချိန်ကျော်လွန်၍ အပြင်ထွက်လာသူများကို သေနတ်ဖြင့်လိုက်လံပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ စထုတ်ထုတ်ခြင်းဘယ်သူမှမသိဘူး။ သူတို့(စစ်ကောင်စီ)ကကြေညာတာမဟုတ်ဘူး။ လိုင်းပေါ်မှာ သူတို့ဘက်ကလူတွေတင်မှသိရတာ၊ လိုင်းသုံးတဲ့သူပဲသိတာ၊ လိုင်းမသုံးတဲ့သူဆိုမသိဘူး။ အခုသိကြပေ မယ့် အရေးပေါ်အခြေနေဆိုခက်ခဲပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က “ ၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရှမ်းမြောက်ဒေသရှိ မြို့ ၆ မြို့ကိုမာရှယ်လောထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။