ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အနောက်တောင်ဘက်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေးလ် ၅ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု နိုဝင်ဘာလ ၁၇ ရက်၊ နံနက် လှုပ်ခတ်သွားခဲ့ကြောင်း ၈ နာရီကျော်တွင် လှုပ်ခတ်သွား ကြောင်း အမေရိကန်အခြေစိုက် ဘူမိဗေဒလေ့လာစောင့်ကြည့်ရေးအဖွဲ့ (United States Geological Survey-USGS) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျိုင်းတုံမြို့အနောက်တောင်ဘက်၊ ၄၇ မိုင်အကွာ၊ မြေအောက်အနက် ၆ ကီလိုမီတာခန့်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ ခြင်းဖြစ်ပြီး မြေငလျင်လှုပ်ခတ်မှုကို မြန်မာအပါအဝင် တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံများတွင် နေထိုင်သူများ သိသိသာသာပင်ခံစားခဲ့ရကြောင်း ဒေသခံများကဆိုသည်။
“ ငလျင်က လှုပ်တဲ့အချိန်ကြာသလို နည်းနည်းလည်း ကြမ်းတယ်လို့ခံစားရတယ်။ လှုပ်သွားတဲ့ပုံစံအရရော၊ နောက်ဆက်တွဲငလျင်လေးတွေ ဆက်လှုပ်နေတာရောကြောင့် အပျက်အစီးတော့ ရှိနိုင်မယ်ထင်တယ်” ဟု ကျိုင်းတုံမြို့၊ နောင်ကွမ်ဈေးအနီး နေထိုင်သည့် ဒေသခံတစ်ဦးက MPA ကိုပြောသည်။
ငလျင်၏ ပြင်းအားကို Intensity VI (Strong) အင်အားပြင်းထန်အဖြစ် သတ်မှတ်ထားပြီး အနက် ၁၀ ကီလိုမီ တာအတွင်းရှိသည့် ဇောက်တိမ်ငလျင်များသည် ဖျက်အားပြင်းထန်သည့်အတွက် ငလျင်ဗဟိုပြုသည့် အနီးတစ် ဝိုက်ရှိ လူနေအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
“ ငလျင်ရဲ့ ပြင်းအားဒဏ်က ပြင်းထန်အဆင့်မှာရှိပါတယ်။ မြေအောက်အနက် (၆) ကီလိုကို ဗဟိုပြုလှုပ်ခတ်ခဲ့ တဲ့အတွက် ဇောက်တိမ်ငလျင်ဖြစ်တယ်။ ဇောက်တိမ်ငလျင်တွေဟာ ဖျက်အားပိုပြင်းတက်တယ်။ ၅ ဒသမ ၉ အဆင့်ရှိတဲ့ မြေငလျင်ဖြစ်တာရေ၊ ဇောက်တိမ်ငလျင်ဖြစ်တာရောကြောင့် ငလျင်ဗဟိုပြုတဲ့ အနီးတစ်ဝိုက်ဟာ လူနေအ ဆောက်အအုံတွေရှိရင် ထိခိုက်ပျက်စီးနိုင်ခြေများပါတယ်” ဟု ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
ကျိုင်းတုံမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်သည် အင်အား ၅ ဒသမ ၉ အဆင့်ရှိငလျင်ဖြစ်သလို နောက် ဆက်တွဲလှုပ်ခတ်သည့် ငလျင်ငယ်များသည်လည်း ပြင်းအား ၃ ဒသမ ၄ မှ ၄ ဒသမ ၁ ရစ်ချ်တာစကေးလ်အထိ ရှိနေခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိနိုင်ပြီး သတင်းရရှိပါက ကူညီဆောင်ရွက်ပေးနိုင်ရန် အသင့်ပြင်ဆင်ထား ကြောင်း ဒေသအခြေစိုက်လူမှုကူညီရေးအသင်းထံကသိရသည်။
“ အခုအချိန်အထိတော့ ဘာမှ တိတိကျကျရယ်လို့ မသိရသေးပါဘူး။ သတင်းရတာနဲ့ ကယ်ဆယ်ရေးလုပ်ဖို့အ တွက်တော့ အသင့်ပြင်ထားပါတယ်” ဟု တာချီလိတ်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်၊ ည ၈ နာရီဝန်းကျင်ကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြိုမြောက်ဘက်၊ သူဌေးကျွန်းအနီးကိုဗဟိုပြု၍ ပြင်အားရစ်ခ်ျတာစကေးလ် ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ဘာသာရေးအဆောက်အဦးအချို့ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့သေးသည်။