• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
7 Dec 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

28 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီးနောက် အခြေခံစားသောက်ကုန်စည်များပြတ်လပ်နေ

MPA CJ012 by MPA CJ012
Nov 13, 2023
in သတင်း
0
0
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီးနောက် အခြေခံစားသောက်ကုန်စည်များပြတ်လပ်နေ

Photo - ပေးပို့ / ပုံဟောင်း

Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း ယနေ့၊ နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် ရခိုင်ဒေသ ခံများအနေဖြင့် ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်များ ဝယ်မှုများပြားလာသဖြင့် ဒေသတွင်းကုန်စည် များပြတ်လပ်လာကြောင်း ဒေသခံများကဆိုသည်။

“မနက်တည်းက ဆန်တွေရော၊ ဆီတွေရောကို အကုန်လုံးတိုးဝှေ့ပြီး ဝယ်နေကြတာ။ ရတဲ့သူတွေလည်း ရသွား ကြတယ်။ တစ်ချို့လည်းမရကြဘူး။ အခုက ကုန်စည်တွေပြတ်သွားပြီ။ ရှိတဲ့ ဆိုင်တွေကလည်း ဈေးတွေတင် ရောင်းနေတယ်။ တိုက်ပွဲဖြစ်ရင် ရခိုင်မှာက အစားအသောက်တွေ ဒုက္ခရောက်တာဆိုတော့ ပြည်သူတွေက အလုအယက်ဝယ်ကြတာ။ စစ်ကောင်စီကလည်းလမ်းတွေပိတ်၊ ကုန်စည်ကန့်သတ်တာတွေ လုပ်လာမှာဆိုတော့ ရတုန်းကို အလုအယက်ဝယ်နေကြတာပေါ့”ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ မိုခါမုန်တိုင်းကာလကဲ့သို့ ၅ ဆနီးပါး တဟုန်ထိုးမြင့်တက် လာခြင်းမဟုတ်သော်လည်း ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာနေပြီး လူတစ်ဦးလျှင် ဆန် ၂သစ်(တစ်ပြည်) သာ ဝယ်ယူရရှိကြောင်း သိရသည်။

“ရက္ခိုင့်တပ်တော်ကတော့ ဈေးတင်မရောင်းနဲ့လို့ ပြောထားပေမယ့်လည်း အခုက လုယက်ဝယ်နေကြတာဆို တော့ ဈေးဆိုင်တွေက တင်ရောင်းနေတာပဲ။ မိုခါတုန်းကလည်း တင်ရောင်းလို့ စာတွေထုတ်ခဲ့တာပဲ။ အဲ့ဒီတုန်းက လည်း တင်ရောင်းတဲ့သူတွေကိုတော့ အရေးယူခဲ့တာတွေ ရှိပါတယ်။ အခုကတော့ အရေးယူပေးခြင်း မပေးခြင်း ထက် ပြည်သူတွေက စားစရာတွေရဖို့အတွက်ပဲ ဦးစားပေးနေကြတာ။ ဈေးကြီးနေလည်း ဝယ်နေကြတာပါပဲ” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြေခံစားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်များအနေဖြင့် ကုန်ဈေးနှုန်းများကို ပုံမှန်ဈေးထက် ဈေးမြှင့်တင် မရောင်းချရန် ရက္ခိုင့်တပ်တော် AA က သတိပေးထားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာပါက စစ်ကောင်စီအနေဖြင့် လမ်းများပိတ်ကာ ကုန်စည်စီးဆင်းမှု ရပ်တန့်စေရန် ပြုလုပ်လေ့ရှိပြီး ပြည်သူလူထုကျန်းမာရေးအတွက် လိုအပ်သည့် အခြေခံဆေးဝါးများမှအစ ရခိုင် ပြည်နယ်အတွင်း ကန့်သန့်ကုန်ပစ္စည်းဖြစ်ခဲ့ရကြောင်း ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူဦးဖေသန်းက ဆိုသည်။

“နယ်စပ်ရေးရာဝန်ကြီးရဲ့ လက်မှတ်ပါမှ သယ်ခွင့်ရခဲ့တာမျိုးလေ။ အခုလည်း ပြည်သူတွေက စစ်ရေးအခက်အခဲ၊ မိုခါအခက်အခဲတွေကို တောက်လျှောက်တွေ့လာခဲ့ရတာ။ စားရေးသောက်ရေးကအစ နလန်မထူနိုင်သေးတဲ့ ကာလမှာ စစ်ဖြစ်လာမယ်။ စစ်ကလည်း သူ့ဆန္ဒနဲ့ သူတိုက်ကြတာမဟုတ်ဘဲနဲ့ ပြည်သူတွေကို ဒုက္ခပေးလာမယ် ဆိုရင်တော့ ပြည်သူတွေက တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာမှာပေါ့” ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့မှ ဒေသခံတစ်ဦးကလည်း “ အခုမနက်ကတည်းက ဈေးတွေလည်းပိတ်ထားတယ်။ ဈေးတွေက လည်း အရင်ကမတက်ဘူးတဲ့ ပစ္စည်းတွေတောင် တက်နေတယ်။ အနည်းဆုံး ကုန်ပစ္စည်းတစ်ခုကို ၅၀၀ ကတော့ တက်တယ်။ ပစ္စည်းတွေကိုလည်း ဘယ်ကဝယ်ရမှန်း မသိတော့ဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလမှ စတင်ကာ စစ်ကောင်စီနှင့် AA တို့က နှစ်ဖက်နားလည်မှုဖြင့် အပစ်အခက် ရပ်စဲထားခဲ့သော်လည်း ယခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် စစ်ကောင်စီက စစ်ရေးအင်အားဖြည့်တင်း မှုများလုပ်ဆောင်လာသလို ရက္ခိုင့်တပ်တော်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲနေပြီးနောက် ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Tags: militaryMPAMyanmarNewsSAC
Advertisement Advertisement Advertisement
ADVERTISEMENT
MPA CJ012

MPA CJ012

ဆက်စပ် သတင်းများ

သတင်း

ဖြတ် ၄ ဖြတ်ဖြင့် ဖြတ်တောက်ခံထားရသော ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများ ရာသီတုတ်ကွေး အဖြစ်များနေ

Dec 7, 2023
ဖြတ် ၄ ဖြတ်ဖြင့် ဖြတ်တောက်ခံထားရသော ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများ ရာသီတုတ်ကွေး အဖြစ်များနေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီက ဖြတ် ၄ ဖြတ်ဖြင့် ဖြတ်တောက်ခံထားရသည့် ကျေးရွာများအတွင်းနေထိုင်ကြသူများမှာ ရာသီအကူးအပြောင်းကာလတွင် ရာသီတုတ်ကွေးဖြစ်ပွားမှု များပြားနေကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအအဖွဲ့၏ တာဝန်ရှိ သူထံက သိရှိရသည်။ “ဒီဘက်ဒေသတွေမှာက ကျန်းမာရေးအသိပညာနည်းတော့...

Read more
by MPA CJ015
0 Comments
သတင်း

တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၂လုံးခန့် ပျက်စီး

Dec 7, 2023
တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၂လုံးခန့် ပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊‌ တောင်ပြုံးကျေးရွာအုပ်စု၊ နန်းကြီးရပ်ရှိ တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၂လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ ယနေ့ ဒီဇင်ဘာ ၇ရက်၊ မနက် ၁၁နာရီခွဲခန့်တွင် စတင်ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး၊ လောင်ကျွမ်းမှုသည်...

Read more
by MPA CJ019
0 Comments
သတင်း

မုံရွာတွင် ဆိုင်ကယ်တစ်စီးစာ ဆီရရန် ၃နာရီခန့်ကြာ တန်းစီနေရ

Dec 7, 2023
မုံရွာတွင် ဆိုင်ကယ်တစ်စီးစာ ဆီရရန် ၃နာရီခန့်ကြာ တန်းစီနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီးစာ စက်သုံးဆီ ရရှိရန် ၃နာရီခန့်ကြာ တန်းစီနေရ ကြောင်း သိရသည်။ မုံရွာမြို့ထဲရှိ ဆီဆိုင်ကြီးများတွင် 92 တစ်လီတာလျှင် ကျပ်၃၄၀၀ဝန်းကျင်နှင့် ဆီဆိုင်အသေးများတွင် တစ်လီတာလျှင် ကျပ်၄၆၀၀ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ယနေ့ (ဒီဇင်ဘာ၇ရက်)...

Read more
by MPA CJ007
0 Comments
PDF

မြိုင်မြို့ပေါ်ရှိ စစ်တပ်အထိုင်ချ နေရာ၃ခုကို PDFများ ဝင်တိုက်

Dec 7, 2023
မြိုင်မြို့ပေါ်ရှိ စစ်တပ်အထိုင်ချ နေရာ၃ခုကို PDFများ ဝင်တိုက်

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချနေရာ ၃ခုကို PDFများ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြိုင်မြို့ပေါ်ရှိ စစ်တပ်အထိုင်ချထားသော အမှတ် ၃ စာသင်ကျောင်း၊ ဘူတာရုံနှင့် ကိုးဆောင်ကျောင်းတိုက် တို့ကို ဒီဇင်ဘာ ၆ရက်၊နံနက်၈နာရီ ခန့်တွင်ဒေသတွင်း...

Read more
by MPA CJ016
0 Comments
PDF

မုံရွာ၊ ကျောက်စစ်ပုံအမြောက်တပ်ကို PDF များတိုက်ခိုက်၊စစ်သား ၁၀ ဦးသေဆုံးဟုဆို

Dec 7, 2023
မုံရွာမှချောင်းဦးဘက် ထွက်လာသည့် သံပြားကာကားတစ်စီးကို ထိထိမိမိမိုင်းဆွဲနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ကျောက်စစ်ပုံရွာရှိ အမြောက်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း One Star People Defense Force ထံကသိရသည်။ ဒီဇင်ဘာ ၆ ရက်၊ ည...

Read more
by MPA CJ011
0 Comments
စစ်ရေး

ထရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် နှုံးဘူးဗျူဟာကုန်အား AA ဆက်လက်ထိုးစစ်ဆင်

Dec 7, 2023
ထရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် နှုံးဘူးဗျူဟာကုန်အား AA ဆက်လက်ထိုးစစ်ဆင်

ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ထားပြီးနောက် နှုံးဘူး ဗျူဟာကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၆ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရက်ပေါင်း...

Read more
by MPA CJ012
0 Comments
PDF

နိုဝင်ဘာလအတွင်း ပုလဲမြို့၌ ပြည်သူနှင့် PDF ၁၀၀ကျော်ကို ဆေးဝါးကုသမှုပေးနိုင်ခဲ့သော်လည်း၊ ဆေးဝါးလိုအပ်မှု မြင့်တက်နေ

Dec 7, 2023
နိုဝင်ဘာလအတွင်း ပုလဲမြို့၌ ပြည်သူနှင့် PDF ၁၀၀ကျော်ကို ဆေးဝါးကုသမှုပေးနိုင်ခဲ့သော်လည်း၊ ဆေးဝါးလိုအပ်မှု မြင့်တက်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပြည်သူနှင့် PDF ၁၀၀ ကျော်ကို နိုဝင်ဘာလအတွင်း ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း ဆေးခန်း၌ ဆေးကုသမှုပေးနိုင်ခဲ့သော်လည်း ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ၎င်းတပ်ရင်းမှ သိရသည်။ "အဲ့ဒီလမှာ ကျမတို့ ရဲဘော်တွေကို လိုက်ကုနေရတာကြောင့်...

Read more
by MPA CJ025
0 Comments
သတင်း

မုန်းမြို့သိမ်းတိုက်ပွဲတွင် စစ်သားနှင့်တပ်မိသားစုဝင် ၆၀ကျော် လက်နက်ချနိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားဟုဆို

Dec 7, 2023
မုန်းမြို့သိမ်းတိုက်ပွဲတွင် စစ်သားနှင့်တပ်မိသားစုဝင် ၆၀ကျော် လက်နက်ချနိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားဟုဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချအညံ့ခဲ့သော စစ်သားနှင့်တပ်မိသားစုဝင် ၆၀ကျော်ရှိပြီး နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရသည်။ လက်နက်ချအညံ့ချကြသူများမှာ ခမရ-၅၉၀ တပ်အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ-၈၄ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လတ်ခိုင်အပါအဝင် စစ်သား ၁၉ဦးနှင့်...

Read more
by MPA CJ023
0 Comments
သတင်း

ပေါက်ဒေသခံတို့၏ စပါးကို လာသိမ်းမည်ဟု စစ်အုပ်စုဝင်တို့ အသံချဲ့စက်ဖြင့် အော်ဟစ်ခြိမ်းခြောက်

Dec 7, 2023
ပေါက်တွင် လမ်းလုံခြုံရေးဆောင်ရွက်နေသော PDF များနှင့် စစ်ကောင်စီတပ် ထိတွေ့မှု ဖြစ်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြား ရဲစခန်းအတွင်းရှိ စစ်အုပ်စုဝင်များက ဒေသခံတို့၏ ဝမ်းစာစပါးများကို လာသိမ်းမည်ဟု အသံချဲ့စက်ဖြင့် အော်ကာ ခြိမ်းခြောက်နေကြောင်း သိရသည်။ ဇီးပြားရဲစခန်း ဝန်းကျင်ရှိ လယ်ကွင်းများတွင် ဒေသခံများက စပါးရိတ်သိမ်းနေစဉ် စစ်သား၊ရဲနှင့် ပျူစောထီးတို့က "...

Read more
by MPA CJ011
0 Comments
သတင်း

ရန်ကုန်တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေး တိုးမြှင့်တော့မည်ဟုဆို

Dec 7, 2023
ရန်ကုန်တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေး တိုးမြှင့်တော့မည်ဟုဆို

ရန်ကုန်မြို့တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်သွားတော့မည်ဟု သိရသည်။ ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့များပူးပေါင်းကာ စစ်ဆင်ရေးများတိုးမြှင့်ဆောင် ရွက်သွားမည် ဖြစ်၍ ပြည်သူတို့အနေနှင့် စစ်တပ်နှင့်ဆက်စပ်သောနေရာများကို ဝေးဝေးရှောင်ကြရန်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ၏ ဒုစစ်ရေးတာဝန်ခံက ပြောသည်။...

Read more
by MPA CJ013
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (5964) Myanmar (5702) News (5229) military (3179) SAC (2948) PDF (710) Politics (279) Yangon (266) SagaingRegion (194) RakhineState (130) militarycoup (118) Mandalay (111) Magway (107) Covid_19 (103) Pressphoto (86)

Monthly Archive

ဒီဇင်ဘာ လ၊ 2023 ခုနှစ်
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
« Nov    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In