• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
3 Dec 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

29 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ကောလင်းမြို့ကို PDFနှင့်မဟာမိတ်တပ်များ သိမ်းပြီခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်

MPA CJ004 by MPA CJ004
Nov 6, 2023
in သတင်း
0
0
ကောလင်းမြို့ကို PDFနှင့်မဟာမိတ်တပ်များ သိမ်းပြီခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်

ဓာတ်ပုံ - MOD / ပုံစာ - သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို PDFနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ၆ရက်)တွင် အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။

” မြို့ကို စသိမ်းတာကတော့ နိုဝင်ဘာလ ၆ ရက်နေ့ မနက်ခင်းပါ။ အတိအကျတော့ ပြောဖို့ခက်ပါတယ်။ ကောလင်းခရိုင်အမှတ် (၁)ကွပ်ကဲမှုနဲ့ သွားတာပါ။ လက်ရှိအထိကတော့ အခြေအနေငြိမ်သက်နေပါတယ်။ ရှင်းလင်းရေးစဝင်နေပါပြီ။ဖုန်းလိုင်းတော့ ဖြတ်တောက်ထားဆဲပါ” ဟုဒေသတွင်းတော်လှန်ရေးသတင်းများ ဖော်ပြနေသည့် Kawlin Infoမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားပြီဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခြင်းသည် နွေဦးတော်လှန်ရေးအတွက် အရေးပါသော ခွန်အား တစ်ရပ်ဖြစ်စေကြောင်း မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

“၁၀၂၇စစ်ဆင်ရေးနဲ့ စဖွင့်ခဲ့တဲ့ စခန်းသိမ်း၊မြို့သိမ်းပွဲတွေဟာ အခု စစ်ကိုင်းတိုင်းအတွင်း ပထမဆုံး မြို့သိမ်းပွဲအထိ မဟာဗျူဟာမြောက် အောင်ပွဲတစ်ရပ် ဖြစ်လာခဲ့တယ်။ကျနော်တို့ဘက်က ဆက် တိုက်ဖိထားမယ်ဆိုရင် တစ်မြို့ပြီးတစ်မြို့ ထပ်ပြိုနိုင်တယ်” ဟု ၎င်းကပြောသည်။

ကောလင်းကို သိမ်းပိုက်နိုင်ခြင်းသည် ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

နိုဝင်ဘာ၅ရက်၊ညနေအထိ လက်နက် မျိုးစုံ ၅၄လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

Tags: militaryMPAMyanmarNewsNUGSAC
Advertisement Advertisement Advertisement
ADVERTISEMENT
MPA CJ004

MPA CJ004

ဆက်စပ် သတင်းများ

PressPhoto

ကူညီစရာများ ဝိုင်းဝန်းကူညီနိုင်ရန် မဲဆောက်ရောက် မြန်မာများ ကြီးမှူးကာ “ဟားငါးကောင်အငြိမ့်နှင့် ဂီတဖျော်ဖြေပွဲတော်” ကျင်းပ

Dec 3, 2023
ကူညီစရာများ ဝိုင်းဝန်းကူညီနိုင်ရန် မဲဆောက်ရောက် မြန်မာများ ကြီးမှူးကာ “ဟားငါးကောင်အငြိမ့်နှင့် ဂီတဖျော်ဖြေပွဲတော်” ကျင်းပ

ကူညီစရားများ ဝိုင်းဝန်းကူညီနိုင်ရန် မဲဆောက်ရောက် မြန်မာများမှ ကြီးမှူးကာ “ဟားငါးကောင်အငြိမ့်နှင့် ဂီတဖျော်ဖြေပွဲတော်”ကို ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့ ညပိုင်းက မဲဆောက်မြိုတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် တော်လှန်လူရွှင်တော်အဖွဲဖြစ်သည့် ဟားငါးကောင်အဖွဲဝင်များ၊ Five Star...

Read more
by MPA CJ012
0 Comments
သတင်း

ရေခပ်ဆင်းလာသည့် စစ်ကောင်စီတပ်သား ၂ဦး တိုက်ခိုက်ခံရပြီး သေဆုံး

Dec 2, 2023
ရေခပ်ဆင်းလာသည့် စစ်ကောင်စီတပ်သား ၂ဦး တိုက်ခိုက်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြစ်ခြေမြို့၊ စီကောင်းကျေးရွာမှ ရေခပ်ဆင်းလာသော ရဲနှင့်စစ်သား ၂ဦး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ ကြောင်း အမှတ်၁ စစ်ဒေသ မ‌ကွေးတိုင်းကွပ်ကဲရေးရုံး မှ သိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၁ရက်) မနက် ၈နာရီခန့်က မြစ်ခြေမြို့...

Read more
by MPA CJ017
0 Comments
စစ်ရေး

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြိုင်မြို့ပေါ် စစ်ရေးပစ်မှတ်များကို အကြိမ် ၃၀ကျော် တိုက်ခိုက်

Dec 2, 2023
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြိုင်မြို့ပေါ် စစ်ရေးပစ်မှတ်များကို အကြိမ် ၃၀ကျော် တိုက်ခိုက်

အောက်တိုဘာ ၂၇ရက်နေ့၊ ၁၀၂၇စစ်ဆင်ရေးစတင်‌ပြီးနောက် မြိုင်မြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များကို အကြိမ် ၃၀ကျော်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖထံက သိရသည်။ ၁၀၂၇စစ်ဆင်ရေးစတင်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၂ရက်နေ့)အထိ မြိုင်မြိုပေါ်သို့ ဒရုန်းဖြင့်ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ အကြိမ် ၃၀ကျော်ပြုလုပ်ခဲ့ပြီး မြို့တွင်းသို့...

Read more
by MPA CJ007
0 Comments
သတင်း

ရေး အခြေစိုက် တော်လှန်ရေး ၇ ဖွဲ့ သစ္စာရေသောက်ပွဲ ကျင်းပ

Dec 2, 2023
ရေး အခြေစိုက် တော်လှန်ရေး ၇ ဖွဲ့ သစ္စာရေသောက်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၇ဖွဲ့တို့ သစ္စာရေသောက် ကတိပြုပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၃၀ရက်၊နံနက် ၉နာရီခန့်က မွန်ပြည်နယ်၊ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ ၇ဖွဲ့ပူးပေါင်းကာ သစ္စာရေသောက်ပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံက ပြောသည်။ "သစ္စာရေကတိပြုကြတာက အားလုံး...

Read more
by MPA CJ013
0 Comments
စစ်ရေး

နမ့်ခမ်းမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ဦးသေဆုံးပြီး၊ ၄ဦးဒဏ်ရာရ

Dec 2, 2023
နမ့်ခမ်းမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ဦးသေဆုံးပြီး၊ ၄ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့သို့ ဒီဇင်ဘာ ၁ရက်၊ ည ၉နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၁ဦးသေဆုံးပြီး၊ ၄ဦးဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ထိုကဲ့သို့ စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအပြင်...

Read more
by MPA CJ010
0 Comments
သတင်း

ရေဇွာမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် တော်လှန်ရေး ရဲဘော်များကို ပြည်သူများက ပန်းကုံးစွပ်ကြိုဆို

Dec 2, 2023
ရေဇွာမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် တော်လှန်ရေး ရဲဘော်များကို ပြည်သူများက ပန်းကုံးစွပ်ကြိုဆို

ချင်းပြည်နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်ပြန်လာသည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများက ပန်းကုံးစွပ်ကြိုဆိုခဲ့ကြောင်း Chinland Information Centreက ဓာတ်ပုံသတင်းထုတ်ပြန်ထားသည်။ "၃၀ ရက်နေ့မှာ ကြိုဆိုကြတာပါ။ ရေဇွာမြို့နယ်ထဲက ရွာတွေပါ။ သူတို့လုံခြုံရေးအရ ရွာအမည်တွေ မထည့်ခဲ့တာပါ"ဟု Chinland Information...

Read more
by MPA CJ008
0 Comments
သတင်း

ကရင်နှင့် ကရင်နီပြည်နယ်ရှိ တပ်တွင်းဖရဲသီးများကို ဖော်ထုတ်ရှင်းလင်းရန် ညွှန်ကြားထားဟုဆို

Dec 2, 2023
ကရင်နှင့် ကရင်နီပြည်နယ်ရှိ တပ်တွင်းဖရဲသီးများကို ဖော်ထုတ်ရှင်းလင်းရန် ညွှန်ကြားထားဟုဆို

ကရင်နှင့် ကရင်နီပြည်နယ်ရှိ တပ်တွင်းဖရဲသီးများကို ဖော်ထုတ်ရှင်းလင်းရန် စစ်ကောင်စီ က ညွှန်ကြားထားကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်နေသည့် ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ရှိ ဖရဲသီး(တပ်တွင်းတော်လှန်ရေးသတင်းရင်းမြစ်)များကို ဖော်ထုတ်ရန် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ခိုင်မာသည့်...

Read more
by MPA CJ014
0 Comments
သတင်း

မုံရွာ၊ ကြာပိုင်ရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

Dec 2, 2023
မုံရွာမြို့တိုးဂိတ်အနီး စစ်ကောင်စီတပ် အလစ်အငိုက်တိုက်ခိုက်ခံရပြီး ၁၁ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေကြောင်း သိရသည်။ ဒီဇင်ဘာ ၁ရက်၊ ညနေ ၃နာရီခန့်တွင် တောပုပျူစောထီးကျေးရွာအ‌နောက်ခြမ်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်၁၅လုံး ခန့် မီးထဲပါသွားပြီးနောက် ယနေ့ (ဒီဇင်ဘာ ၂ရက်နေ့)...

Read more
by MPA CJ007
0 Comments
သတင်း

တောင်ငူလေတပ်တိုက်ခိုက်ခံရပြီးနောက်  မြို့တွင်းအစစ်ဆေးတင်းကျပ်နေ

Dec 2, 2023
တောင်ငူလေတပ်တိုက်ခိုက်ခံရပြီးနောက်  မြို့တွင်းအစစ်ဆေးတင်းကျပ်နေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူလေတပ်အတွင်းသို့  ‌ဒီဇင်ဘာ ၁ရက်၊ မနက် ၁၁နာရီခန့်က ကျားသံလုံး စစ် ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့က ဒရုန်းဖြစ် ဗုံးကြဲတိုက်ခိုက်ပြီးနောက်၊ စစ်ကောင်စီတပ်သည် မြို့တွင်း စစ်ဆေးမှုများကို ပိုမိုတင်းကျပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ တောင်ငူလေတပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည်...

Read more
by MPA CJ002
0 Comments
မှုခင်း

မဟာအောင်မြေမြို့၊ သံလျှပ်မှော်အနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၅လုံးဆုံးရှုံး

Dec 2, 2023
မဟာအောင်မြေမြို့၊ သံလျှပ်မှော်အနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၅လုံးဆုံးရှုံး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့၊ သံလျှပ်မှော်အနောက်ရပ်၊ 405 A အုပ်ကျင်းရပ်ကွက် ၊ ပေပင်ကျောင်းအရှေ့ပေါက် ၌ ဒီဇင်ဘာ ၁ရက်၊ ညနေ ၃နာရီ ၄၅မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံး မီးလောင်ခဲ့ကြောင်း ဒေသခံများထံ မှ...

Read more
by MPA CJ018
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (5914) Myanmar (5652) News (5179) military (3129) SAC (2898) PDF (700) Politics (279) Yangon (266) SagaingRegion (194) RakhineState (129) militarycoup (118) Mandalay (111) Magway (107) Covid_19 (103) Pressphoto (86)

Monthly Archive

ဒီဇင်ဘာ လ၊ 2023 ခုနှစ်
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
« Nov    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In