ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါ၀င်တိုက်ခိုက်နေသော ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ၏ ကျဆုံးသွားသောရဲဘော် (၄) ဦးအတွက် အာဇာနည်အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်းတို့ကို နိုဝင်ဘာ ၁ ရက်နေ့က BPLA ကွပ်ကဲရေးရုံးတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
မုံရွာ-အရာတော်လမ်းပိုင်း၌ စစ်ကားနှစ်စီးကိုတိုက်ခိုက်၊ စစ်တပ်ဘက်က စစ်ကြောင်းမှူးတစ်ဦးသေဆုံးပြီး၊ ၁၉ ဦးခန့် ဒဏ်ရာရဟုဆို
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော် စ.ခ.တ (၁၀)တပ်သို့ ထွက်ခွာလာ သည့် စစ်ကား ၂စီးကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းများ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး တစ်ဦးသေဆုံးပြီး၊ ဗိုလ်...