ဉာဏ်လင်းသစ်သုတေသနအဖွဲ့သည် နိုင်ငံရေးနှင့် လူမှုဖြစ်စဥ်များကို စဥ်ဆက်မပြတ်စောင့်ကြည့်လေ့လာနေသော အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် အမျိုးသားရေးအစွန်းရောက်အတွေးအခေါ်ကို အခြေပြုပြီး စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ အမျိုးသားရေးအစွန်းရောက်အုပ်စုများရဲ့ အခန်းကဏ္ဍများကို လေ့လာသုံးသပ်ထားသည့် စာတမ်းတစောင်ကို “ အစွန်းရောက်အမျိုးသားရေးအထိုင်မှ အာဏာထိန်းချုပ်ရေးကြိုးပမ်းမှုများ” “ ခေါင်းစဥ်ဖြင့် ပြီးခဲ့တဲ့ စက်တင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သည်။
မုံရွာ-အရာတော်လမ်းပိုင်း၌ စစ်ကားနှစ်စီးကိုတိုက်ခိုက်၊ စစ်တပ်ဘက်က စစ်ကြောင်းမှူးတစ်ဦးသေဆုံးပြီး၊ ၁၉ ဦးခန့် ဒဏ်ရာရဟုဆို
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော် စ.ခ.တ (၁၀)တပ်သို့ ထွက်ခွာလာ သည့် စစ်ကား ၂စီးကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းများ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး တစ်ဦးသေဆုံးပြီး၊ ဗိုလ်...