ရန်ကုန်မြို၊ တိရစ္ဆာန်ဥယျာဉ်မှာ လူသိများချစ်ခင်တဲ့ ဆင်မကြီးမိုမိုရဲ့ အသက် ၇၀ ပြည့် မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျင်းပနေပါတယ်။
ဆင်မကြီး မိုမိုရဲ့ ၇၀ နှစ်ပြည့် မွေးနေ့ကို နှစ်စဥ်ကျင်းပနေကြအတိုင်း ၃ ရက်တာ ပြုလုပ်မှာဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပသွားမယ်လို သိရပါတယ်။
ဆင်မကြီး မိုမိုဟာ ၁၉၆၁ ခုနှစ်မှာ ကယားပြည်နယ်ကနေ စတင်ရောက်ရှိခဲ့ပါတယ်။ သူရောက်ရှိချိန်ဟာ အသက် ၇ နှစ်သမီးလို ခန့်မှန်းရပြီး အဲ့ဒီကန စတင်ပြီးတော့ တစ်နှစ်တစ်ကြိမ် သူ့ရဲ့ မွေးနေ့ပွဲကို ကျင်းပ ပေးခဲ့တာပါ။
မိုမိုဟာ နှစ်ပေါင်း ၆၂ နှစ်ခန့်ကြာအောင် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ထဲမှာ ဖြတ်သန်းခဲ့ရပြီး လာရောက်အပန်းဖြေသူ ကလေး၊ လူကြီး၊ လူငယ်မရွေးတိုကို အသုံးတော်ခံ ပေးခဲ့ပါတယ်။