ကိုဗစ်ကပ်ရောဂါနှင့် စစ်ကောင်စီအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကြာ ထောင်ဝင်စာဧည့်တွေ့ခွင့်ပိတ်ထားမှုအား၊ ပြန်လည်ခွင့်ပြုခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများထံမှ စုံစမ်းသိရှိရသည်။
ယနေ့အောက်တိုဘာ ၂၄ ရက်နေ့မှစတင်ကာ ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုခြင်းဖြစ်ပြီး အမှုစစ်၊ အမှုရင်ဆိုင်ဆဲ အကျဉ်းသားများနှင့် မိသားစုဝင်များ တွေ့ခွင့်ပေးနေကြောင်းသိရသည်။
ယူဆောင်လာရမည့် အထောက်အထားများ ပြည့်စုံမှသာ အကျဉ်းသားများနှင့် ဧည့်တွေ့ခွင့်ရမည်ဟု အကြောင်းကြားကြောင်း၊ အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိခင်ဖြစ်သူက MPA သို့ ပြောသည်။
ဗီဒီယိုတွင် အပြည့်အစုံ နားဆင်နိုင်ပါသည်။