စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းအတိုင်းစစ်ကြောင်းထိုးလာသော စစ်ကြောင်းမှ PDF တိုက်ခိုက်သဖြင့် ဒဏ်ရရရှိသော စစ်သားများကို ဘုန်းဘွဲ့ရွာ၌ ဆေးကုသပေးနေကြောင်းသိရသည်။
” သံပြားကာ ကားနဲ့ ဒဏ်ရာရတဲ့သူတွေကို ခေါ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေက ဘုန်းဘွဲ့ မှာကျန်သေးတော့ ဆေးကုသပေးနေတယ်လို့ ယူဆလို့ရတယ်။ ဒဏ်ရာရသူအရေအတွက်ကိုတော့စုံစမ်းနေဆဲပါ ” ဟု Buffalo Soldiers (LPD)မှ တာဝန်ရှိသူ ဗိုလ်ကျွဲ ကြီးက ပြောသည်။
အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ရွှေဘို-မန္တလေးလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးခဲ့ရာ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာ နှင့် စိုင်နိုင်လေးကျေးရွာ တို့မှ ပြည်သူ ၆၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” ဘုန်းဘွဲ့ရွာထဲကို မနေ့ ၁၅ရက်နေ့ မနက် ၉နာရီ လောက် ရောက်တယ် ။ပြည်သူတွေက ၁၄ ရက်ကတည်းကနေ ထွက်ပြေးနေတာပါ ။အခုထိ ရွာထဲ ပြန်မဝင်နိုင်သေးပါဘူး။ အခုလောလောဆယ် မီးရှို့တာတွေ အကြမ်းဖက်တာတွေတော့မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ တို့တွင် စစ်သား အင်အား ၁၀၀ ကျော်ပါ ယင်းစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံး ကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိန္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
” မိုင်းပွိုင့်က တော်တော်များတယ်။ ခန့်မှန်းခြေ ၄၂ ပွိုင့်ထက်ကျော်တယ်။ မိုင်းဆွဲတဲ့အကြိမ်အရေအတွက်က ၁၄ ရက်နေ့က ၅ ကြိမ် ၊ ၁၅ ရက်နေ့က ၂၄ ကြိမ် ပါ ။၂ ရက်ဆက်တိုက် တိုက်ခိုက်တာကြောင့် သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတော့တော်တော်များတယ် ” ဟု သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘုန်းဘွဲ့ရွာရောက်နေသော စစ်တပ်မှ စစ်သားအချို့မှာ ယနေ့(အောက်တိုဘာ၁၆)နံနက်တွင် စိုင်နိုင် ကွေ့ရှိ စစ်တပ်အခြေစိုက်စခန်းသို့ ပြန်သွားကြပြီး စစ်သားအချို့မှာ ဘုန်းဘွဲ့ရွာ၌ ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်အထိ ရှိနေသေးကြောင်းသိရသည်။
၂ရက်တာတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း(၁)၊ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ေဒါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နဂါးမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)-တပ်ခွဲ(၁)၊ ဒေါင်းညီကို (LPDF)၊ Buffalo Soldiers (LPDF)၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Super Light ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပန်းပျိုးလက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ အမိမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဒေါန ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းဆင်နွှဲခဲ့ကြောင်းသိရသည်။