By MPA
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲပြီး မီတာဆောင်နေသူ များထဲမှ နှစ် ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံကနေ စုံစမ်းသိရသည်။
ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရကျောင်းအနီး ၆၃ လမ်းနှင့် ၁၂၈ လမ်း စုပေါင်းရုံးဝင်းထဲက လျှပ်စစ်မီတာရုံး အတွင်းသို့ မနက် ၉ နာရီခန့်က အမည်မသိ လူတစ်စုက ဗုံးဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“ မီတာဆောင် နေတဲ့သူတွေ အများစု ထိခိုက်ဒဏ်ရာ ရသွားလို့ဆေးရုံကို ပို့ဆောင်ပေးထားတယ်။ သေဆုံးတာ နှစ် ဦးလို့သိရတယ် ။ အတိအကျ ကတော့ပြောလို့ မရသေးဘူး” ဟု လူမှုကူညီရေး လုပ်ဆောင်ပေးနေသူ တစ်ဦးကပြောသည်။
ဒဏ်ရာရရှိများမှာ ခုနစ် ဦးရှိပြီး လက်၊ ခြေထောက်ပိုင်းတို့မှာ အများစု ဒဏ်ရာရရှိသွားကြောင်း ၎င်းကပြောသည်။
ဗုံးပေါက်ကွဲခဲ့တဲ့ လျှပ်စစ်ရုံး အနီးမှာလည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ယခုလ အစောပိုင်းကလည်း မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးက မီတာကြေးကောက်ခံသူ သေနတ်အပစ်ခံရပြီး သေဆုံးခဲ့သည်။
#EPC #ဗုံးပေါက်ကွဲ #ပြည်ကြီးတံခွန်မြို့နယ် #သေဆုံး #မန္တလေး #MPA
ဒီပဲယင်းမြို့ပေါ် စစ်တပ်အထိုင်ချစခန်း ငါးနေရာကို PDF တစ်ပြိုင်တည်းဝင်တိုက်
By Nway / MPA စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်း ငါးနေရာကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၇ရက်၊ နံနက် ၁၀နာရီခန့်က ဒီပဲယင်းမြို့ပေါ်ရှိ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အထက...