• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
18 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

လိုင်ဇာ စစ်ရှောင်စခန်းကို စစ်တပ် တိုက်ခိုက်မှု ကုလရင်ပြင်တွင် သံအမတ်ကြီး ပြောကြား မြန်မာပြည်သူတို့၏ နာကျင်မှုကို ဖော်ပြရန် စကားလုံးများ မရှိဟုဆို

MPA CJ011 by MPA CJ011
Oct 10, 2023
in စစ်ဘေးရှောင်, သတင်း
0
0
လိုင်ဇာ စစ်ရှောင်စခန်းကို စစ်တပ် တိုက်ခိုက်မှု ကုလရင်ပြင်တွင် သံအမတ်ကြီး ပြောကြား မြန်မာပြည်သူတို့၏ နာကျင်မှုကို ဖော်ပြရန် စကားလုံးများ မရှိဟုဆို
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊လိုင်ဇာမြို့၊ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် သဖြင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ သေကြဒဏ်ရာရရှိခဲ့မှုအပေါ် ကုလသမဂ္ဂ ညီလာခံ၌ မိန့်ခွန်းပြောကြားစဉ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက်နေ့၊(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် လိုင်ဇာစစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို ထည့်သွင်းပြောကြားကာ မြန်မာပြည်သူများကို စစ်တပ်၏ လူမဆန်သည့် ရက်စက်ယုတ်မာ သတ်ဖြတ်မှုများ ရပ်တန့်ရန်အတွက် စစ်တပ်အပေါ် အပြည့်အဝလက်နက် ပိတ်ပင်ခြင်းနှင့် တိုက်လေယာဉ်ဆီများ တင်သွင်းမှုရပ်ဆိုင်းခြင်း ဆောင်ရွက်ပေးရန် အဆောတလျင် လိုအပ်ကြောင်းကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေး ကောင်စီအား တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၉ရက်၊ ည ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က KIA/KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် စစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်စခန်းမှကလေးငယ် ၁၃ဦး အပါအဝင် အရပ်သားပြည်သူ၃၂ဦးထက် မနည်းသေဆုံး ခဲ့ ကြောင်း စုံစမ်းသိရသည်။

ထို့အပြင် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးခန့် ဒဏ်ရာရခဲ့ခြင်းနှင့် ဧပြီ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၆၀ကျော် သေဆုံးခဲ့ခြင်းတို့ကိုလည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

“မြန်မာပြည်သူတွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေမှုကို ချက်ချင်းဆိုသလို ကုလသမဂ္ဂ စင်မြင့်ထက်ကနေ တစ်ကမ္ဘာလုံးကို အသိပေးနိုင်ခြင်းဟာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ပြည်သူ့သံအမတ်ကြီးရှိနေခြင်းကြောင့်ဖြစ်တယ်”ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။

မြန်မာပြည်သူများ၏ ထိခိုက်ခံစားနာကျင်မှုများကို ဖော်ပြရန်စကားလုံးများ မရှိကြောင်းနှင့် ပြောရက်စရာမရှိအောင် ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်ကြောင်းလည်း သံအမတ်ကြီး က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးပို့နေသည့် နိုင်ငံများ၏ အကူအညီဖြင့် မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် သတ်ဖြတ်မှု များ ကျူးလွန်လျက်ရှိကြောင်း၊ မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော် လည်း စစ်တပ်သည် စစ်လေယာဉ်၊ စစ်လက်နက်ပစ္စည်းများ၊ ဆက်စပ်နည်းပညာများကို လက်ခံရရှိနေဆဲဖြစ်ကြောင်းသံအမတ်ကြီးက ပြောသည်။
တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံ ဒေါ်လာကျော် တန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ဝယ်ယူခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း၂သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရပြီး နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော် ဖျက်ဆီး မီးရှို့ခံခဲ့ရကြောင်းလည်း ဆိုသည်။

“စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေတာဟာ ကျနော်တို့စစ်ကိုင်းတိုင်းထဲမှာ မြို့ပေါ်တွေကလွဲလို့ ရွာတော်တော်များများ ခံနေရတာ တော်တော်တောင်ကုန်နေပါပြီ။ပြည်သူတွေ ထိခိုက်ခံစားနေရ တာတွေကို ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မနာတမ်းပြောကြားနေတာက ခင်ဗျားတို့ ဘာမှမ လုပ်ပေးဘဲ ထိုင်ကြည့်နေတာ မရှက်ဘူးလားလို့ ပြောနေသလိုပါပဲ။ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာ ပြောနေရမှာပဲ”ဟု မုံရွာမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

Armed Conflict Location and Event Data Project (ACLED) ၏ အချက်အလက်များအရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လေကြောင်းတိုက်ခိုက်မှုများမှာ တစ်လလျှင် ပျမ်းမျှအားဖြင့် တိုက်ခိုက်မှု ၃ဝ ခန့် ရှိကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

ထို့အပြင် မြန်မာစစ်တပ်၏ အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မျက်ခြေ မပြတ် စောင့်ကြည့်ပေးရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သေးသည်။

Tags: စစ်ဘေးရှောင်စခန်းလိုင်ဇာမြို့ဦးကျော်မိုးထွန်း
Advertisement Advertisement Advertisement
ADVERTISEMENT
MPA CJ011

MPA CJ011

ဆက်စပ် သတင်းများ

နိုင်ငံရေး

ရိုဟင်ဂျာအရေးသည် မြန်မာ့ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ် ဟု သံအမတ်ကြီးဆို

Mar 28, 2025
ရိုဟင်ဂျာအရေးသည် မြန်မာ့ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ် ဟု သံအမတ်ကြီးဆို

By Ra Wai / MPA ရိုဟင်ဂျာ အရေးသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။ ၆၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

မြန်မာအမျိုးသမီးတို့၏ တော်လှန်ရေးတွင် ပါဝင်နေမှု ကျေးဇူးအထူးတင်ရှိဟု သံအမတ်ကြီးဆို

Mar 21, 2025
မြန်မာအမျိုးသမီးတို့၏ တော်လှန်ရေးတွင် ပါဝင်နေမှု ကျေးဇူးအထူးတင်ရှိဟု သံအမတ်ကြီးဆို

By Hsu Yee / MPA မြန်မာအမျိုးသမီးတို့၏ နွေဦးတော်လှန်ရေးတွင် ပါဝင်နေမှုနှင့် မယိမ်းယိုင်သော ကတိကဝတ်တို့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။ မတ်လ၁၈ရက်၊ “Beijing+30: Resisting Authoritarianism and Conflict...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ကောင်စီက လိုင်ဇာမြို့ကို အသေခံဒရုန်းဖြင့် ဗုံးကြဲမှုများ ခပ်စိတ်စိတ်လုပ်ဆောင်လာ

Mar 12, 2025
စစ်ကောင်စီက လိုင်ဇာမြို့ကို အသေခံဒရုန်းဖြင့် ဗုံးကြဲမှုများ ခပ်စိတ်စိတ်လုပ်ဆောင်လာ

By Hlaing / MPA ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံဒရုန်းများ အသုံးပြု၍ ဗုံးကြဲမှုများ ခပ်စိတ်စိတ်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ မတ် ၁၂...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

ပြည်သူတို့၏ ကြံ့ကြံ့ခံ တွန်းလှန်မှုများကြောင့် စစ်အုပ်စု ကျရှုံးနေပြီဟု သံအမတ်ကြီးဆို

Mar 12, 2025
ပြည်သူတို့၏ ကြံ့ကြံ့ခံ တွန်းလှန်မှုများကြောင့် စစ်အုပ်စု ကျရှုံးနေပြီဟု သံအမတ်ကြီးဆို

By Nway / MPA မြန်မာပြည်သူတို့၏ ကြံ့ကြံ့ခံ တွန်းလှန်မှုများကြောင့် စစ်အုပ်စု ကျရှုံးနေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောသည်။ မတ်လ‌ ခြောက်ရက်တွင် Asia Society ကကျင်းပသည့် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

မြန်မာ ဆင်းရဲမွဲတေမှု ၁၅နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်၊ လူဦးရေ၏ ရာခိုင်နှုန်း၂၀ကျော် စိုးရိမ်ရအဆင့် ရိက္ခာပြဿနာနှင့် ရင်ဆိုင်နေရဟုဆို

Feb 14, 2025
မြန်မာ ဆင်းရဲမွဲတေမှု ၁၅နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်၊ လူဦးရေ၏ ရာခိုင်နှုန်း၂၀ကျော် စိုးရိမ်ရအဆင့် ရိက္ခာပြဿနာနှင့် ရင်ဆိုင်နေရဟုဆို

By Ra Wai / MPA မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုသည် ၁၅ နှစ်တာအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး လူဦးရေ၏ ၂၄ ရာခိုင်နှုန်းမှာလည်း အလွန်အမင်း မြင့်မား၍ စိုးရိမ်ရသော စားနပ်ရိက္ခာမလုံခြုံမှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောသည်။...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

မြန်မာ့အရေး လုံခြုံရေးကောင်စီ စကားလုံးသက်သက် ပြောနေမည့်အစား လက်တွေ့လုပ်ဆောင်ရန် သံအမတ်ကြီး တောင်းဆို

Oct 28, 2024
မြန်မာ့အရေး လုံခြုံရေးကောင်စီ စကားလုံးသက်သက် ပြောနေမည့်အစား လက်တွေ့လုပ်ဆောင်ရန် သံအမတ်ကြီး တောင်းဆို

By Nway / MPA ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသက်သက်ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် တောင်းဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။ ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ...

Read more
by Thar Nge Lay
0 Comments
စစ်ဘေးရှောင်

ဖရူဆိုအနောက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ၄၀ ကျော် ပျက်စီး

May 3, 2024
ဖရူဆိုအနောက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ၄၀ ကျော် ပျက်စီး

ကယားပြည်နယ်၊ ဖရူဆိုအနောက်ခြမ်းတွင် မေ ၂ ရက်၊ ည ၇ နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စိန်တောင်တန်းစစ်ရှောင်စခန်းရှိ စစ်ရှောင်မိသားစုနေအိမ် အလုံး ၄၀ ကျော်ပျက်စီးခဲ့ကြောင်း ဒေသခံများထဲမှ သိရသည်။ “လေကပြင်းတော့ တစ်နှစ်လုံး သုံးထားတဲ့မိုးကာတွေက အကုန်ပြဲထွက်ပြီး...

Read more
by MPA CJ021
0 Comments
နိုင်ငံရေး

ပြည်သူကို လေကြောင်းနှင့်လက်နက်ကြီးဖြင့် စစ်ကောင်စီတပ် တိုးမြှင့် တိုက်ခိုက်နေကြောင်း သံအမတ်ကြီးဆို

Nov 17, 2023
ပြည်သူကို လေကြောင်းနှင့်လက်နက်ကြီးဖြင့် စစ်ကောင်စီတပ် တိုးမြှင့် တိုက်ခိုက်နေကြောင်း သံအမတ်ကြီးဆို

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့အား အဆင်ခြင်မဲ့ တိုးမြှင့်လုပ်ဆောင်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်၌ ပြောကြားခဲ့သည်။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ)...

Read more
by MPA CJ011
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In